{{baseData.historyTitle}}

{{baseData.historyTitle}}

All-Day Music. Nonstop.
24 နာရီ ဘက်ထရီခံခြင်း
24
hours
OPPO Enco Buds 24 နာရီ ဘက်ထရီခံခြင်း
ဆူညံသံများ
လျှော့ချပေးခြင်း
OPPO Enco Buds ဆူညံသံများ လျှော့ချပေးခြင်း
အလိုအလျောက်
ချိတ်ဆက်ပေးခြင်း
OPPO Enco Buds အလိုအလျောက် ချိတ်ဆက်ပေးခြင်း
ဒေတာပို့ဆောင်မှုကြာချိန်
လျှော့ချပေးသည့် ဂိမ်းမုဒ်
80ms
OPPO Enco Buds ဒေတာပို့ဆောင်မှုကြာချိန် လျှော့ချပေးသည့် ဂိမ်းမုဒ်
တကြိမ်အားသွင်းပြီး 24 နာရီကြာ သီချင်းနားဆင်နိုင်ခြင်း ¹
ပါဝါပြည့် အသံပိုင်းစနစ်
OPPO Enco နားကြပ်ဖြင့် 6 နာရီကြာ အသုံးပြုနိုင်ပြီး အားသွင်းဘူးထဲသို့ ပြန်ထည့်ရုံဖြင့် အလွယ်တကူအားသွင်းပေးနိုင်ခြင်း။ 15 မိနစ် အချိန်ပေးရုံဖြင့် နာရီပိုင်း အသုံးပြုနိုင်ခြင်း။

6 နာရီ

အားတကြိမ်သွင်းရုံဖြင့် တေးဂီတ ဖွင့်လှစ်နိုင်သည့် အချိန်

24 နာရီ

အားသွင်းဘူးဖြင့် သီချင်းကို ကြာြမင့်စွာ နားဆင်နိုင်ခြင်း

OPPO Enco Buds တကြိမ်အားသွင်းပြီး 24 နာရီကြာ သီချင်းနားဆင်နိုင်ခြင်း
နှစ်ဖက်စလုံးမှ ဘလူးတုထုတ်လွှတ်ခြင်း²
ဒေတာပို့ဆောင်မှုကြာချိန် လျှော့ချပေးခြင်း၊ အထူးချောမွေ့ခြင်း
OPPO Enco နားကြပ်သည် ဘလူးတုကို အသုံးပြု၍ နားကြပ်နှစ်ဖက်လုံးမှ အသံထုတ်လွှတ်ပေးနိုင်သဖြင့် အဆင်ပြေမှုရှိပါသည်။ နားနှစ်ဖက်ထံသို့ အသံ ထုတ်လွတ်သည့်ကြာချိန်ကို လျှော့ချပေးသောကြောင့် ပိုမိုတည်ငြိမ်သော အသံစနစ်ကို ရရှိစေပါသည်။ ထို့အပြင် နားကြပ်ကိုလည်း သင်ကြိုက်သည့်ဘက်မှ စိတ်ကြိုက် ဝတ်ဆင်အသုံးပြုနိုင်မည်ဖြစ်သည်။
OPPO Enco Buds နှစ်ဖက်စလုံးမှ ဘလူးတုထုတ်လွှတ်ခြင်း
သာမန်
TWS နားကြပ်

ဘယ်မှညာသို့ လက်ဆင့်ကမ်းလွှင့်ပေးခြင်း

ဘလူးတု ထုတ်လွှတ်ခြင်း

OPPO Enco Buds နှစ်ဖက်စလုံးမှ ဘလူးတုထုတ်လွှတ်ခြင်း
OPPO Enco
နားကြပ်

ဘယ် / ညာ တပြိုက်နက်

ဘလူးတု ထုတ်လွှတ်ခြင်း

ဒေတာပို့ဆောင်မှုကြာချိန် လျှော့ချပေးသည့် ဂိမ်းမုဒ်
ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နှင့်အသုံးပြုနိုင်ခြင်း
OPPO Enco နားကြပ်ကို ၃ကြိမ်တို့ရုံဖြင့် 80 ms³ ဒေတာပို့ဆောင်မှုကြာချိန်ကို အထူးလျှော့ချပေးသည့် ဂိမ်းမုဒ်ရရှိမည်ဖြစ်ပြီး အသံနှင့်ရုပ်ကို တထပ်တည်း ညီအောင် ညှိပေးနိုင်စွမ်းရှိခြင်းကြောင့် အချိန်တိုအတွင်း ဂိမ်းကစားခြင်းတွင် နစ်မျောဈာန်ဝင်သွားအောင် ဆွဲဆောင်နိုင်မည်ဖြစ်သည်။
OPPO Enco Buds ဒေတာပို့ဆောင်မှုကြာချိန် လျှော့ချပေးသည့် ဂိမ်းမုဒ် OPPO Enco Buds ဒေတာပို့ဆောင်မှုကြာချိန် လျှော့ချပေးသည့် ဂိမ်းမုဒ် OPPO Enco Buds ဒေတာပို့ဆောင်မှုကြာချိန် လျှော့ချပေးသည့် ဂိမ်းမုဒ်
ဘလူးတု 5.2⁴
တည်ငြိမ်မှု၊ ပြန်လည်ဆန်းသစ်မှု
သင်၏ ဖုန်းခေါ်ဆိုမှု သို့မဟုတ် အသံချိတ်ဆက်မှု အနှောင့်အယှက်ဖြစ်မည်ကို စိုးရိမ်ရန်မလိုဘဲ စိတ်တိုင်းကျ လှုပ်ရှားသွားလာနိုင်မည်ဖြစ်သည်။ OPPO Enco နားကြပ်တွင် ပါဝင်သော ဘလူးတု 5.2 ချစ်ပ်က ချိတ်ဆက်မှုများအားလုံးကို တည်ငြိမ်မှုရှိအောင် လုပ်ဆောင်ပေးနိုင်သောကြောင့် အဆင်ပြေလွတ်လပ်နေစေမည်ဖြစ်သည်။
OPPO Enco Buds ဘလူးတု 5.2
ဘေ့စ်သံပြင်းပြင်း HD အရည်အသွေးအသံ
အသံပိုင်းအား အထူးစိတ်ကျေနပ်နှစ်သက်မှုရရှိခြင်း
AAC အသံစနစ်ထုတ်လွှင့်ရန် ဒီဇိုင်းထုတ်ထားသည့် နောက်ဆုံးပေါ် 8 mm dynamic driver ဖြင့် အမြင့်ဆုံးနှင့် အနက်ရှိုင်းဆုံး ဘေ့စ်အသံကိုခံစားလိုက်ပါ။
OPPO Enco Buds ဘေ့စ်သံပြင်းပြင်း HD အရည်အသွေးအသံ OPPO Enco Buds ဘေ့စ်သံပြင်းပြင်း HD အရည်အသွေးအသံ
ဆူညံသံများ
လျှော့ချပေးခြင်း
ယခင်ထက်ပိုမိုကြည်လင်သောအသံဖြင့် စကားပြောဆိုနိုင်ခြင်း
DNN မော်ဒယ်အခြေခံ စမတ်နည်းစနစ်ကိုအသုံးပြု၍ သင့်အသံအား ပတ်ဝန်းကျင်အသံများကြားမှ စစ်ထုတ်ယူပေးမည်ဖြစ်သည်။ လူထူထပ်သော နေရာများတွင် ဖုန်းခေါ်ဆိုမှုပြုလုပ်စေကာမူ အခြားတဖက်လိုင်းတွင်ရှိသော သင်နားဆင်လိုသောသူ၏အသံကိုသာ ရှင်းလင်းစွာ ကြားနာနိုင်မည်ဖြစ်သည်။
OPPO Enco Buds ဆူညံသံများ လျှော့ချပေးခြင်း
OPPO Enco Buds အလိုအလျောက် ချိတ်ဆက်ပေးခြင်း
အလိုအလျောက်
ချိတ်ဆက်ပေးခြင်း⁵
တစ်ကြိမ် ချိတ်ဆက်ပေးရုံဖြင့် အကြိမ်တိုင်းအတွက် အလိုအလျောက် ချိတ်ဆက်ပေးနိုင်ခြင်း
OPPO Enco နားကြပ်သည် အားသွင်းဘူးကို ဖွင့်လိုက်ရုံဖြင့် အလိုအလျောက် ချိတ်ဆက်ပေးမည်ဖြစ်သည်။
IP54 ဖုန်နှင့် ရေဒဏ်ကို ကာကွယ်ပေးခြင်း⁶
ခံနိုင်ရည်မြင့်ကြောင်း အာမခံနိုင်ခြင်း
အပြင်ထွက်သည့်အခါ ချွေးစိုပြီး ပျက်စီးမှာကို မစိုးရိမ်ရသော နားကြပ်လိုအပ်နေပါသလား။ OPPO Enco နားကြပ်လေးက IP54 ရေစိုဒဏ်ခံနိုင်မှုပါဝင်တာကြောင့် မိုးပြေးလေးပဲဖြစ်ဖြစ်၊ ချွေးပျံအောင် ကိုယ်လက်လှုပ်ရှားတာမျိုးဖြစ်ဖြစ် အဆင်ပြေစေပါလိမ့်မည်။⁶.
OPPO Enco Buds IP54 ဖုန်နှင့် ရေဒဏ်ကို ကာကွယ်ပေးခြင်း
သဘာဝကျကျ၊ ဆန်းသစ်သော
စမတ်ထိတွေ့ထိန်းချုပ်မှု⁷
ပြီးပြည့်စုံပြီး သဘာဝကျစွာ ထိန်းချုပ်ခြင်းပြုလုပ်နိုင်ရန် တို့၍ ထိန်းချုပ်သောစနစ်ကို သင့်စိတ်တိုင်းကျ ပြင်ဆင်ထိန်းညှိနိုင်ပါသည်။ Google Play Store app မှ HeyMelody app ဒေါင်းလုတ်ဆွဲ၍ နားကြပ်ကို စိတ်တိုင်းကျ ပြင်ဆင်လိုက်ပါ။
ပေါ့ပေါ့ပါးပါးနှင့် အဆင်ပြေမှုရှိခြင်း သင်ကိုယ်တိုင် သတိမထားမိလောက်အောင် အဆင်ပြေမှုရှိခြင်း
ဝတ်ဆင်ရလွယ်စေရန် အင်ဂျင်နီယာဒီဇိုင်းဖြင့် တွက်ချက်ပုံဖော်ထားပြီး နားတစ်ဖက်လျှင် 4 ဂရမ်အလေးချိန်သာရှိပါသည်။ ရွေးချယ်ရန် စီလီကွန်ထိပ်ဖူး အရွယ်အစား 3 မျိုးပါရှိပါသည်။ OPPO Enco နားကြပ်၏ ထူးခြားမှုမှာ ဝတ်ဆင်ရ သက်သောင့်သက်သာရှိခြင်းဖြစ်သည်။
OPPO Enco Buds ပေါ့ပေါ့ပါးပါးနှင့် အဆင်ပြေမှုရှိခြင်း
OPPO Enco Buds Compact-Designed White
ကျစ်လစ်လှပသော ဒီဇိုင်းနှင့် ရိုးရှင်းလှပခြင်း
သပ်ရပ်လှပစွာ ဒီဇိုင်းပုံဖော်ထားသော အားသွင်းဘူးလေးနှင့် ရွှန်းစိုတောက်ပသော နားကြပ်ကိုယ်ထည်ကလေးက နေရောင်အောက်တွင် တလက်လက်တောက်ပနေသော ကမ်းခြေကဖန်ကျောက်တုံးကဲ့သို့ ဝတ်ဆင်ချင်အောင် ဆွဲဆောင်ပေးနိုင်မည်ဖြစ်သည်။
  • မှတ်ချက်:
  • 1. ခံနိုင်ရည်စစ်ဆေးမှု စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကို OPPO ၏ စမ်းသပ်ခန်းအတွင်း 50% အသံထားရှိ၍ စမ်းသပ်မှုအပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။ အားသွင်းသည့်ကြာချိန်ကို 25 ဒီဂရီ စင်တီဂရိတ်ရှိသော စမ်းသပ်ခန်းအတွင်းတွင် စံထားရှိသော OPPO အားသွင်းကြိုးဖြင့် စမ်းသပ်ထားခြင်းဖြစ်သည်။ ခံနိုင်ရည်နှင့် အားသွင်းလုပ်ဆောင်ချက်များသည် လက်တွေ့ အခြေအနေပေါ်မူတည်၍ အနည်းငယ် ကွဲပြားခြားနားနိုင်မှုရှိမည်ဖြစ်သည်။
  • 2. ဒေတာပို့ဆောင်မှုကြာချိန်လျှော့ချပေးနိုင်မှုကို တွက်ချက်ရာတွင် သမားရိုးကျ ဘလူးတုတခု၏ ထုတ်လွင့်နိုင်မှု နည်းပညာအပေါ် အခြေခံ၍ နိုင်းယှဉ် တွက်ချက်ထားခြင်းဖြစ်သည်။
  • 3. 80 ms³ ဒေတာပို့ဆောင်မှုကြာချိန်ကို အထူးလျှော့ချပေးခြင်း ဆိုသည်မှာ နားကြပ်တဖက်နှင့် တဖက်အကြား ဒေတာပို့ဆောင်မှုကြာချိန် လျှော့ချခြင်းကို ဆိုလိုခြင်းဖြစ်ပြီး လျှော့ချနိုင်မှု အတွေ့အကြုံသည် စက်နှစ်ခုနှင့် နားကြပ်များအပေါ်တွင် မူတည်မည်ဖြစ်သည်။ စက်အလိုက် ကွဲပြားခြားနားမှု ရှိနိုင်ပါသည်။
  • 4. OPPO Enco နားကြပ်သည် ဘလူးတု 5.2 သို့မဟုတ် ထို့ထက် နိမ့်သော စက်များဖြင့် တွဲဖက်နိုင်ပြီး iOS၊ Android နှစ်မျိုးလုံးတွင် အသုံးပြုနိုင်ပါသည်။
  • 5. OPPO Enco နားကြပ်သည် OPPO ColorOS 11.0+ ဖုန်းများဖြစ်သော Find X3 Pro၊ Find X2 Pro၊ Find X2၊ Reno5 5G၊ Reno 5 Pro 5G စသည်တို့နှင့် လွယ်ကူလျှင်မြန်စွာ တွဲဖက်အသုံးပြုနိုင်ပါသည်။ OPPO ကြိုးမဲ့ဗားရှင်း 3.7.72+ လိုအပ်မည်ဖြစ်သည်။ အခြားမော်ဒယ်များတွင်မူ OTA ကို Update လုပ်ပြီးမှ အသုံးပြုနိုင်မည်။ (A စီးရီး၊ F စီးရီး၊ Reno4 Z၊ Reno4 Pro၊ Reno2 Z၊ R17 Neo စသည်တို့ မပါဝင်ပါ။)
  • 6. နားကြပ်များတွင် IP54 ဖုန်နှင့် ရေဒဏ်ကို ကာကွယ်ပေးခြင်းစနစ်ပါဝင်သည်။ သို့သော် အားသွင်းဘူးတွင်မပါဝင်ပါ။ ချွေးထွက်၍ စက်ပျက်ခြင်းမှ ကာကွယ်ရန် အပြင်းအထန် လေ့ကျင့်ခန်းလုပ်နေစဉ် နားကြပ်နှင့် အားသွင်းဘူးကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။
  • 7. OPPO ColorOS 11.0+ အသုံးပြုသူများအနေဖြင့် OPPO ကြိုးမဲ့ဗားရှင်း 3.7.72+ တွင် ဖုန်း၏ဘလူးတုသို့ ဝင်ရောက်၍ OPPO Enco Buds > Earbud Function တွင် နားကြပ်ကို စိတ်ကြိုက်ပြင်ဆင်နိုင်ပါသည်။ Android 6.0+ အသုံးပြုသူများအနေဖြင့် Google Play Store app မှ HeyMelody app ဒေါင်းလုတ်ဆွဲ၍ နားကြပ်ကို သင့်စိတ်တိုင်းကျ ပြင်ဆင်နိုင်မည်ဖြစ်သည်။ ထို app ကို လက်တလောတွင် iOS ဖုန်းများတွင်မရရှိနိုင်သေးပါ။
  • 8. ကုန်ပစ္စည်းဓါတ်ပုံများသည် ကိုးကားရန်အတွက်သာဖြစ်သည်။ အချို့သော ကုန်ပစ္စည်းဖော်ပြချက်များနှင့် အသေးစိတ်ဖော်ပြချက်များသည် ကုန်ပစ္စည်းတင်သွင်းသူနှင့် အခြားအကြောင်းအရာ များအပေါ်မူတည်၍ အနည်းငယ်အပြောင်းအလဲရှိနိုင်ပါသည်။ အမှန်တကယ်ထွက်ရှိလာမည့် ကုန်ပစ္စည်းကိုသာ ကိုးကားရန်ဖြစ်သည်။

Title

small title

တိုက်ရိုက်စကားပြောခန်း

တိုက်ရိုက်စကားပြောခန်း

Call: 09765479703

Support ကိုခေါ်ပါ

09765479703

(လမ်း၊တံတား ဖြတ်သန်းခ အခမဲ့ ဖြစ်သည်)

9:00~17:30 MON-SAT

Service Center

ဝန်ဆောင်မှုဌာန