မှတ်ချက် :
1. သီချင်းဖွင့်ခြင်းအတွက် LTE နှင့်ချိတ်ဆက်ခြင်း (LTE ဗားရှင်းအတွက်သာ) သို့မဟုတ် Wi-Fi®/ Bluetooth® တို့ကို အသုံးပြု၍ ကြိုးဖြင့် ချိတ်ဆက်ရန်လိုအပ်ပါသည်။
2. သီချင်း app များနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များ၊ ဝန်ဆောင်မှုများသည် နယ်မြေဒေသလိုက်၍ ကွာခြားမှုရှိနိုင်ပါသည်။
3. ကြိုးမဲ့နားကြပ်များကို သီးခြားရောင်းချပါသည်။
စာတို
အသိပေးချက်များ
အွန်လိုင်း
တေးဂီတများ
မိုဘိုင်း
ငွေချေစနစ်
အချိန်ဇယား
စီမံခန့်ခွဲမှု
အလျှင်အမြန်
ဖုန်းဖြေဆိုခြင်း
နှလုံးခုန်သံအား
၂၄ နာရီ
စောင့်ကြပ်ကြည့်ရှုပေးခြင်း
ကိုယ်လက်လှုပ်ရှားမှုအား
မျက်ခြေမပြတ် စောင့်ကြည့်ပေးနိုင်ခြင်း
ဖုန်းတည်နေရာအား
ရှာဖွေနိုင်ခြင်း
မှတ်ချက် :
1. Google Assistant ကို အချို့ဒေသများနှင့် အချို့သော ဘာသာစကားများတွင် အသုံးမပြုနိုင်ပါ။
2. Google Assistant ၏ လုပ်ဆောင်မှု အများစုအတွက် LTE ၊ Wi-Fi သို့မဟုတ် ဖုန်းနှင့် Bluetooth® ချိတ်ဆက်အသုံးပြုပေးရမည်ဖြစ်သည်။
1.91"
AMOLED ရုပ်ထင်မှန်သား
326PPI
AMOLED မျက်နှာပြင်
100%
DCI-P3 ရောင်စဉ် အစအဆုံး
OPPO လက်ပတ်နာရီ 46mm (Wi-Fi ဗားရှင်း) တွင် 1.91 လက်မရှိသော ပြောင်းရွေ့နိုင်သည့် AMOLED နှစ်ဖက်ခုံးမျက်နှာပြင်နှင့် 326 PPI ပါရှိပါသည်။ OPPO လက်ပတ်နာရီ 41mm (Wi-Fi) တွင် 1.6 လက်မရှိသော ပုံစံပြောင်းလဲ၍မရနိုင်သော AMOLED နှစ်ဖက်ခုံး မျက်နှာပြင်နှင့် 301 PPI ပါရှိပါသည်။
Dual-chip Endurance System ဖြင့်
၂၁ ရက်အထိ အသုံးပြုနိုင်မည်ဖြစ်သည်။
Dual-chip Endurance System သည် လက်ပတ်နာရီကို ၃၆ နာရီမှ ၂၁ ရက်အထိ အသုံးပြုနိုင်မည်ဖြစ်သည်။ ဘက်ထရီခံသည့် endurance modes များဖြစ်သည့် high-performance Qualcomm® Snapdragon Wear™ 3100 နှင့် Ambiq Micro's energy-efficient Apollo3 Wireless SoC နှစ်ခုသည် ဘက်ထရီသက်တမ်းကို ဆွဲဆန့်ပေးနိုင်ပါသည်။ ထို့ကြောင့် ခရီးရှည်သွားခြင်း သို့မဟုတ် လုပ်ငန်းခွင်တွင်ဖြစ်စေ လက်ပါတ်နာရီက အကောင်းဆုံး အကူအညီပေးနိုင်မည်ဖြစ်သည်။
၃၆ နာရီ အထိ 36 အသုံးပြုနိုင်သည်
စမတ် mode
၂၁ ရက် အထိ 21 အသုံးခံနိုင်သည်
အားကုန်သက်သာစေသည့် Power Saver Mode
/ မှတ်ချက် : OPPO လက်ပတ်နာရီ 46mm (Wi-Fi) ၏ အသုံးပြုပုံနှင့် အားသွင်းပုံတို့ကို အရှေ့တွင်ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ပါဝါအား 46% ရရှိရန် ၁၅ မိနစ်သာ လိုအပ်မည်ဖြစ်သည်။ OPPO လက်ပတ်နာရီ 41mm (Wi-Fi) တွင် စမတ် mode ဖြင့် အသုံးပြုပါက ၂၄ နာရီကြာ ဘက်ထရီအားခံပြီး ပါဝါစားသက်သာသည့် Power Saver mode ဖြင့် အသုံးပြုပါက ၁၄ ကြာ အသုံးခံမည်ဖြစ်သည်။ ပါဝါအား ၃၀% ရရှိရန် ၁၅ မိနစ်သာ လိုအပ်မည်ဖြစ်သည်။
လက်ပတ်နာရီအတွက် အလျှင်အမြန်အားသွင်းနိုင်သည့် VOOC Flash Charging : ၁၅ မိနစ် အားသွင်းရုံဖြင့် တနေကုန် အသုံးပြုနိုင်မည်ဖြစ်သည်။
အလျှင်အမြန်အားသွင်းနိုင်သည့် VOOC Flash Charging စနစ်ဖြင့် ၇၅ မိနစ်အတွင်း လက်ပတ်နာရီကို ၀% မှ ၁၀၀% ရောက်ရှိစေမည်ဖြစ်ပါသည်။ လက်ပတ်နာရီကို တစ်ညကျော် အားမသွင်းမိပါက ၁၅ မိနစ်အားသွင်းခြင်းဖြင့် တနေကုန် အသုံးပြုရန် လုံလောက်သောပါဝါအားကို ရရှိမည်ဖြစ်ပါသည်။
၁၅ မီနစ်
ပါဝါအား ၄၆% ရရှိနိုင်ခြင်း
၇၅ မိနစ် အတွင်း
ပါဝါအား ၁၀၀% ရရှိနိုင်ခြင်း
မှတ်ချက် : OPPO လက်ပတ်နာရီ 46mm ၏ အားသွင်းနိုင်သော အချိန်တွင် အထက်တွင် ဖော်ပြထားပြီးဖြစ်ပါသည် (LTE နှင့် Wi-Fi ဗားရှင်းအပါအဝင်)။ OPPO လက်ပတ်နာရီ 41mm (Wi-Fi) အတွက် အားအပြည့်သွင်းရန် ၇၅ မိနစ် လိုအပ်ပြီး ပါဝါအား ၃၀% ပြည့်ရန် ၁၅ မိနစ်လိုအပ်ပါသည်။
လေ့ကျင့်ခန်း ဆောင်ရွက်ချိန်တိုင်း လက်ကောက်ဝတ်တွင် အတူရှိနေမည့်အဖော်မွန်
အားကောင်းသော အာရုံခံစနစ်။ ၅၀ မီတာ ရေစိုဒဏ် ခံနိုင်ခြင်း။
လက်ပတ်နာရီနောက်တွင် တပ်ဆင်ထားသော အာရုံခံဆမ်ဆာ အကြီး ၅ ခုမှတဆင့် လုပ်ဆောင်မည့်လေ့ကျင့်ခန်းများဖြစ်သော ပြေးခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ လမ်းလျှောက်ခြင်းနှင့် အခြားသော လှုပ်ရှားမှုများအတွက် အာရုံခံပေးနိုင်မည်ဖြစ်ပါသည်။ GPS + GLONASS မှတဆင့် တည်နေရာလမ်းကြောင်းကို ရှာဖွေပေးနိုင်ပါသည်။ ၅၀ မီတာ ရေစိုဒဏ်ခံနိုင်မှုသည် ရေကူးစဉ် သို့မဟုတ် အချို့သောရာသီဥတုများအတွင်း နာရီကိုအကောင်းဆုံး ကာကွယ်ပေးမည်ဖြစ်ပါသည်။
မှတ်ချက် : OPPO လက်ပတ်နာရီ 46mm (Wi-Fi ဗားရှင်း) သည် ၅၀ မီတာအထိ ရေစိုဒဏ်ခံနိုင်စွမ်းရှိပါသည်။ OPPO လက်ပါတ်နာရီ 41mm (Wi-Fi) သည် ၃၀ မီတာအထိ ရေစိုဒဏ်ခံနိုင်စွမ်းရှိပါသည်။
အလင်းများသည့် ပါတ်ဝန်းကျင်ကို အာရုံခံပေးနိုင်ခြင်း
ဝင်ရိုးသုံးခုပါဝင်သော အရှိန်မြင့်အာရုံခံဆမ်ဆာ & ဂိုင်ရိုစကုပ်
မြေပြင်သံလိုက်လှိုင်းကို ခြေရာခံနိုင်သော အာရုံခံဆမ်ဆာ
အလင်းတန်းကို အသုံးပြုပြီး နှလုံးခုန်သံကို အာရုံခံနိုင်သော ဆမ်ဆာ
ဖိအားကို အာရုံခံနိုင်သည့် ဘာရိုမက်ထရစ်ဆမ်ဆာ
စိတ်ဖိစီးမှုမရှိ ပေါ့ပါးလွတ်လပ်စွာ ရှာဖွေဖြေရှင်းခြင်း
အမြဲတစေ နည်းလမ်းရှာဖွေဖြေရှင်းနေရပါသလား။ ဒီအတွက် ကျွန်တော်တို့ရှိပါတယ်။ OPPO လက်ပတ်နာရီတွင် ပြုလုပ်မည့်လေ့ကျင့်ခန်းတိုင်းအတွက် ပိုမိုလွယ်ကူပြီး အချိန်တိုင်းအတွက် အကောင်းဆုံးရလဒ်ရရှိအောင် ဆောင်ရွက်ပေးနိုင်ပါလိမ့်မည်။
၅ မိနစ်စာ ကိုယ်လက်လှုပ်ရှားအားကစား လေ့ကျင့်ခြင်း
ကျန်းမာရေးကောင်းမွန်အောင် အပြေးလေ့ကျင့်ခြင်း
အဆီကျအပြေး လေ့ကျင့်ခြင်း
ပြင်ပတွင် လမ်းလျှောက်ထွက်ခြင်း
ပြင်ပတွင် စက်ဘီးစီးခြင်း
ရေကူးခြင်း
Hey Tap health app အသုံးပြုခြင်းဖြင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို ပိုမိုရှင်းလင်းလွယ်ကူစွာ ကြည့်ရှု့နိုင်မည်
OPPO လက်ပတ်နာရီနှင့် ချိတ်ဆက် synchronize ပြုလုပ်ကာ သင်၏ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ၊ ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို ဖုန်းရှိ ကျန်းမာရေး app အတွင်းသို့ ထည့်သွင်းပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် app ကို အသုံးပြု၍လက်ပတ်နာရီမျက်နှာပြင်ကို ပြင်ဆင်နိုင်မည်ဖြစ်သည်။
* OPPO လက်ပတ်နာရီအတွက် HeyTap ကျန်းမာရေး app ကို OPPO App Market တွင် ဒေါင်းလုတ်ဆွဲနိုင်ပါသည်။
Wear OS by Google is supported on Android devices running on Android 6.0 or higher (excluding Go edition). Available functions may vary by platforms and regions.
ပါဝါစားသက်သာစေသည့် Power Saver mode တွင် စာတိုအသိပေးချက်များ ရယူခြင်း၊ အချိန်ကြည့်ခြင်း၊ ခြေလှမ်းအရေအတွက် ခြေရာခံခြင်းနှင့် နှလုံးခုန်သံကို စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ လုပ်ဆောင်န်ိုင်ပါသည်။
အထက်တွင်ဖော်ပြထားခဲ့သော OPPO လက်ပတ်နာရီ၏ အသုံးပြုနိုင်သော ကြာချိန်သည် OPPO စမ်းသပ်ခန်းအတွင်း ပုံမှန်ဘက်ထရီတစ်ခုကို မော်ဒယ်ယူ၍ စမ်းသပ်ခဲ့ခြင်းဖြစ်ပါသည်။ အမှန်တကယ် အသုံးပြုနိုင်သော ဘက်ထရီသက်တမ်းသည် ကွန်ယက် အခြေအနေ၊ အသုံးပြုသည့် လုပ်ဆောင်ချက်များ၊ အသုံးပြုသည့် ကြိမ်နှုန်းတို့အပေါ် မူတည်၍ ကွဲပြားခြားနားမှုရှိနိုင်ပါသည်။
- ပုံမှန်ဘက်ထရီတစ်ခုကို မော်ဒယ်ယူ၍ Smart Mode (OPPO လက်ပတ်နာရီ 46mm Wi-Fi ဗားရှင်းနှင့် OPPO လက်ပတ်နာရီ 41mm Wi-Fi ဗားရှင်း) တွင် ထားရှိခြင်း : စက်ရုံမှ ပုံမှန်ထားသည့် setting၊ Bluetooth® နှင့် ဖုန်းချိတ်ဆက်ခြင်း၊ Bluetooth® ဖြင့် ချိတ်ဆက်ခြင်းအတွက် နာရီ ၂၀၊ Wi-Fi ကြိုးမဲ့ချိတ်ဆက်မှုဖြင့် ၄ နာရီကြာ၊ Screen ပိတ်၍ GPS အသုံးပြုခြင်းအတွက် ၄၅ မိနစ်ကြာ၊ ဘလူတူနာကြပ်နှင့်ချိတ်ဆက်၍ သီချင်းဖွင့်ခြင်းအတွက် ၃၀ မိနစ်၊ လက်ကောက်ဝတ်ကို လည့်၍နာရီမျက်နှာပြင်ကို ဖွင့်ခြင်းအတွက် အကြ်ိမ် ၁၂၀၊ Google Assistant အသုံးပြုခြင်းကို ၂၀ စက္ကန့်လျှင် ၅ ကြိမ်၊ တုန်ခါမှုဖြင့် စာတိုအသိပေးခြင်း ပေးပို့ခြင်း အကြိမ် ၂၄၀၊ အသိပေးချက် မပါဝင်သော စာတိုပေါင်း ၄၈၀၊ နာရီကြည့်ခြင်း စက္ကန့် ၂၀ အတွင်း ၂၄ ကြိမ်၊ ဘလူးတူဖြင့်ချိတ်ဆက်ထားသည့် စက်ကရိယာအသုံးပြု ဖုန်းခေါ်ဆိုခြင်းအတွက် ၅ မိနစ်၊ နှလုံးခုန်နှုန်း တိုင်းတာခြင်းအတွက် စက္ကန့် ၃၀လျှင် ၈ ကြီမ်၊ အိပ်စက်ချိန်တွင် ထားရှိသော sleep mode အတွက် ၈ နာရီ၊ နှလုံးခုန်နှုန်းအား စောင့်ကြပ်ကြည့်ရှုခြင်းအတွက် မရရှိသေးပါ။
- ပုံမှန်ဘက်ထရီတစ်ခုကို မော်ဒယ်ယူ၍ မီတာစားသက်သာသည့် Power Saver mode (OPPO လက်ပတ်နာရီ၏ မော်ဒယ်အားလုံး) တွင် ထားရှိခြင်း : နာရီကြည့်ခြင်းအတွက် ၁၀ စက္ကန့်လျှင် အကြိမ် ၃၀၊ စာတို အသိပေးခြင်း၊ ပြသပေးခြင်းအတွက် ၅ စက္ကန့်လျှင် အကြိမ် ၁၅၀၊ နှလုံးခုန်နှုန်းအား စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ခြေလှမ်းခြေရာခံခြင်းအတွက် မရရှိသေးပါ။
အထက်တွင် ဖော်ပြခဲ့သော OPPO လက်ပတ်နာရီများအား အားသွင်းခြင်းနှင့် သက်ဆိုင်သည့် အသေးစိပ်အချက်အလက်များသည် OPPO စမ်းသပ်ခန်းအတွင်း စမ်းသပ်ချက်ကို အခြေခံ၍ ဖော်ပြထားခြင်းဖြစ်ပါသည်။ အားသွင်းနိုင်သည့် အချိန်သည် လက်တွေ့ အခြေအနေအပေါ်မူတည်၍ ကွဲပြားခြားနားမှုရှိနိုင်ပါသည်။ လက်ပတ်နာရီအား အလျှင်အမြန်အားသွင်းနိုင်သော VOOC Flash Charging အတွက် 5V/1.5A adapter (OPPO လက်ပတ်နာရီ 41mm အတွက် 5V/-1A ) သို့မဟုတ် ထိုထက်မြင့်သောအရာ လိုအပ်ပါသည်။
စမ်းသပ်သည့် အခြေအနေ : ပါတ်ဝန်းကျင် အပူချိန်သည် 25±1°C ဖြစ်သည်။ ဘက်ထရီသည် သာမာန်အခန်းအပူချိန်သို့ ပြန်ရောက်ရှိမည်ဖြစ်သည်။ ဘက်ထရီအားသည် ≥1% ရှိသည်။ App အားလုံးကို ပိတ်ထားပါသည်။ လေယာဉ် စီးနင်းချိန်ထားရှိရမည့် flight mode ကို ပြောင်းလဲထားပါသည်။ GPS ၊ Wi-Fi ၊ NFC ၊ BT နှင့် တုန်ခါမှုအားလုံးကို ပ်ိတ်ထားပါသည်။ 5V/2A adapter နှင့် OPPO လက်ပတ်နာရီ နှင့် OPPO လက်ပတ်နာရီအား အားသွင်းသည့် စံသတ်မှတ်ထားသော စင်ကို အသုံးပြုထားပါသည်။ လက်ပတ်နာရီကို အားသွင်းစက်နှင့် စတင်ဆက်သွယ်သည့်အချိန်တွင် နာရီမျက်နှာပြင်သည် ပိတ်သွားမည်ဖြစ်သည်။ USER ဆော့ဝဲလ်၏ နောက်ဆုံးအတည်ပြုထားသော ဗားရှင်းတွင် အသုံးပြုခဲ့ပြီး ပရင့်ထုတ်ခြင်းလုပ်ငန်းစဉ်များအားလုံးကို ပိတ်ထားပါသည်။
OPPO လက်ပတ်နာရီ 46mm (Wi-Fi ဗားရှင်း) တွင် 5ATM ရေစိုခံစနစ်ကို ထောက်ပံ့ပေးပြီး OPPO လက်ပတ်နာရီ 41mm သည် 3ATM ကို ထောက်ပံ့ပေးပါသည်။ ရေစိုဒဏ်ခံနိုင်မှုနှင့်သက်ဆိုင်သော အသေးစိပ်အချက်အလက်များသည် ISO 22810:2010 ၏ စမ်းသပ်စစ်ဆေးချက်စံညွှန်းများအတိုင်းဖြစ်ပြီး TÜV SÜD စမ်းသပ်ချက်ကို အောင်မြင်ပြီးဖြစ်ပါသည်။ (နာမည်အပြည့်အစုံမှာ - TÜV SÜD ထောက်ခံချက်နှင့် စစ်ဆေးစမ်းသပ်ချက် (တရုတ်နိုင်ငံ) ကုမ္ပဏီလီမီတက် ရှန်ကျန်း ( Shenzhen) ရုံးခွဲ ) OPPO လက်ပတ်နာရီကို ရေကူးစဉ် သို့မဟုတ် ရေတိမ်သောနေရာတွင်ပြုလုပ်သည့် ရေပေါ်လှုပ်ရှားမှုများဆောင်ရွက်ချိန်တွင် ဝတ်ဆင်ထားနိုင်ပါသည်။ သို့သော် ရေငုတ်ခြင်း ၊ ရေပူစမ်းတွင် ရေစိမ်ခြင်း၊ ချွေးထုတ်ခန်းတွင် ချွေးထုတ်ခြင်း၊ ဒိုင်ဗင်ထိုးခြင်း၊ ရေအောက်ငုတ်ခြင်း၊ ရေလှိုင်းစီးခြင်းနှင့် အခြားသော ရေနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် ဖိအားပြင်းသည့် ရေစီးနှင့်ထိတွေ့နိုင်သောကြောင့် လက်ပတ်နာရီအား ဝတ်ဆင်၍ လုပ်ဆောင်ရန်မသင့်တော်ပါ။ ရေစိုခံနိုင်စွမ်းသည် အချိန်နှင့်အမျှ လျော့ကျလာနိုင်ပါသည်။
OPPO လက်ပတ်နာရီသည် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာ မဟုတ်ပါ။ ကျန်းမာကြံ့ခိုင်မှုနှင့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များသည် ကိုးကားရန် အတွက်သာဖြစ်ပြီး ကျန်းမာရေး စမ်းသပ်စစ်ဆေးခြင်းနှင့် ကုသခြင်းများတွင် အသုံးပြု၍ မရနိုင်ပါ။
Google, Android, Google Play, Wear OS by Google နှင့် အခြားအမှတ်တံဆိပ်များမှာ Google LLC ၏ ကုန်အမှတ်တံဆိပ်များဖြစ်သည်။
အထက်တွင်ပြထားသော လက်ပတ်နာရီမျက်နှာပြင်များမှာ ပုံစံယူဥပမာပေးရန်အတွက်သာဖြစ်သည်။
ကုန်ပစ္စည်းဓါတ်ပုံများသည် ကိုးကားရန်အတွက်သာဖြစ်သည်။ ကုန်ပစ္စည်း၏ အသေးစိပ်ဖော်ပြချက်နှင့် အချက်အလက်များသည် ကုန်ပစ္စည်းတင်သွင်းသူပြောင်းလဲခြင်းကြောင့် အနည်းငယ်ကွဲပြားနိုင်ပါသည်။ အမှန်တကယ် ထွက်ပေါ်လာသည် ကုန်ပစ္စည်းကိုသာ ကိုးကားမှုပြုပါရန်။