




ဟိုင်း၊ သူငယ်ချင်းတို့
သင့်အကြိုက်နှင့် အကိုက်ညီဆုံးဖြစ်သော နောက်ဆုံးပေါ် Android 11
Android 11 ပေါ်တွင် အခြေခံထားသော ColorOS 11 Beta ဗားရှင်းသည် ယခုအခါ ထွက်ရှိလာပြီဖြစ်သည်။ ၎င်းအဆင့်မြင့်ဗားရှင်းကို ယခုလက်ရှိတွင် OPPO Find X2, OPPO X2 Pro နှင့် Find X2 Pro Automobili Lamboghini ထုတ်ကုန်များတွင်သာ ရရှိနိုင်မည်ဖြစ်ပြီး Reno4 နှင့် Reno3 အပါအဝင် အခြား မော်ဒယ်၂၅ မျိုး ထွက်ပေါ်လာမည်ဖြစ်သည်။ 10
19:37
စက်တင်ဘာ ၁၅ ရက်၊ တနင်္ဂနွေနေ့
လက်ချောင်း ၃ ချောင်းဖြင့် အလျှင်အမြန် ဘာသာပြန်ပေးနိုင်ခြင်း။
တိုက်ရိုက် ဘာသာပြန်ပေးခြင်း
လက်ချောင်း ၃ ချောင်းဖြင့် ဖုန်းမျက်နှာပြင်ကို screenshots ပေး၍ အလျှင်အမြန် ဘာသာပြန်ပေးနိုင်ခြင်း။ စာရွက်စာတမ်းများအား ဖတ်ရှုခြင်း သို့မဟုတ် နိုင်ငံခြားမှ မိတ်ဆွေဖြင့် စကားပြောဆိုခြင်းများ ဆောင်ရွက်ရာတွင် စမတ်ဘေးဘားတန်းကို အသုံးပြု၍ သင့်ဖုန်းမျက်နှာပြင်ပေါ်ရှိ စာသားများအား ဘာသာပြန်ပေးနိုင်ပါသည်။
အနီးအနားအား မျှဝေပေးခြင်း
ဒေတာများကို အခမဲ့ မျှဝေနိုင်ခြင်း
မိုဘိုင်းလ်ဒေတာများနှင့် အင်တာနက်မြန်နှုန်းများက မိတ်ဆွေအချင်းချင်း ဖိုင်များ မျှဝေခြင်းအတွက် အဟန့်အတား ဖြစ်နိုင်မည်မဟုတ်ပါ။ နီးစပ်ရာ android ဖုန်းများ အချင်းချင်း ရုပ်ပုံများ၊ ဗီဒီယိုများ၊ APK package များကို ဒေတာအကုန်အကျမရှိဘဲ အလွယ်တကူ မျှဝေနိုင်တော့မည်ဖြစ်ပါသည်။ 3
Apps များကိုခြုံ၍ တပြိုင်နက် အသုံးပြုခြင်း
Apps တစ်ခုနှင့်တစ်ခုကြား လျှင်မြန်စွာပြောင်းလဲ အသုံးပြုနိုင်ခြင်း
အငှားယာဉ် ငှားခြင်း၊ စာတိုပြန်ခြင်းနှင့် ဂိမ်းကစားခြင်း စသည့် လုပ်ငန်းဆောင်တာများအနက် မည်သည့်အရာကို ဦးစားပေးလုပ်ဆောင်လိုပါသနည်း။ ဖုန်းမျက်နှာပြင်တစ်ခုတည်းပေါ်တွင်ပင် ၎င်းလုပ်ဆောင်ချက်များကို တပြိုင်နက်ထည်း လုပ်ဆောင်လိုက်ပါ။ FlexDrop က ဝင်းဒိုးများ၏ အရွယ်အစားကို အလွယ်တကူ ပြောင်းလဲပေးခြင်းဖြင့် လုပ်ငန်းဆောင်တာများကို တပြိုင်နက်အဆင်ပြေပြေလုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။4
မြောက်များစွာသော animation အင်ဂျင်
အဆင်ပြေချောမွေ့စွာ ရှုမြင်နိုင်ခြင်း
ချက်ချင်းတုန့်ပြန်နိုင်စွမ်းရှိသည့် သဘာဝကျသော animations ကာတွန်းရုပ်ပုံလေးများကို ဖန်တီးထည့်သွင်းထားခြင်းက သင့်အား ပြင်ပတွင် အမှန်တကယ်ထိတွေ့ခွင့်ရရှိသကဲ့သို့ ခံစားမှုကို ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။ အလိုလိုသိမြင်၍ စနစ်အားမောင်းနှင်နိုင်ခြင်း။
UI ပထမ
အသစ်ကဲ့သို့ အမြဲရှိနေခြင်း
အရင်းအမြစ်များအား အချိန်ဇယားဆွဲခြင်း၊ ပေါင်းစည်းခြင်းနှင့် ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်းဖြင့် စနစ်၏ အရင်းမြစ်ထိရောက်မှုကို ၄၅%၊ စနစ်တုန့်ပြန်မှု ၃၂% နှင့် FPS တည်ငြိမ်မှုကို ၁၇% တိုးတက်စေရန်ပံ့ပိုးပေးသည်။
RAM အသုံးပြုမှု
0%
ပြန်လည်တုန့်ပြန်နိုင်သည့်နှုန်း
0%
တစ်စက္ကန့်အတွင်း မျက်နှာပြင်ပေါ်တွင် ပုံရိပ်ပြသနိုင်သည့်နှုန်း Fame Rate ၏ တည်ငြိမ်မှု
0%
ပိုးသားကဲ့သို့ ချောမွေ့အဆင်ပြေမှုရှိခြင်း
အရင်းအမြစ်များအားလုံးကို မှန်ကန်စွာအသုံးပြု စီစဉ်နေရာချထားပေးနိုင်သောကြောင့် အသုံးလိုသည့်အခါတိုင်း မြန်မြန်ဆန်ဆန်ဖြင့် အဆင်ပြေချောမွေ့နေအောင် စွမ်းဆောင်နိုင်မည်ဖြစ်ပါသည်။
Apps များကို ပုံမှန်ထက်ပိုမို၍ စမတ်ကျကျ မြန်မြန်ဆန်ဆန် လွှင့်တင်လုပ်ဆောင်နိုင်မည်ဖြစ်သည်။
Apps တက်ရန်အတွက် ငြီးငွေ့စွာ စောင့်ဆိုင်းနေရပါသလား။ သင်၏ နေ့စဉ်ဖုန်းအသုံးပြုမှု အလေ့အထကို လေ့လာ၍ သင်အသုံးပြုနိုင်သော app ကို ဖွင့်ရန် စနစ်မှ ကြိုတင်ခန့်မှန်း၍ သင့်အတွက် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။ Apps ကို လွှင့်တင်နိုင်သော အမြန်နှုန်းသည် ပျမ်းမျှအားဖြင့် 23.63% ခန့်ပိုမိုတိုးမြှင့်လာမည်ဖြစ်ပါသည်။ 5
အချိန်တိုင်း ချောချောမွေ့မွေ့ဖြင့် တာရှည်ခံခြင်း
စနစ်မှ သင့်ဖုန်းအချက်အလက်များကို သိမ်းဆည်းသော storage အတွင်းမှ ဖိုင်များကို အလိုအလျောက် ရှင်းလင်းပေးခြင်း၊ နေရာပြန်လည်ချထားခြင်းကို လုပ်ဆောင်ပေးပါသည်။ ထို့ကြောင့် ဖုန်းကို ကြာရှည်စွာ အသုံးပြုသော ပထမဆုံးနေ့အသုံးပြုသကဲ့သို့ အဆင်ပြေချောမွေ့ကာ ကြာရှည်အသုံးပြုနိုင်မည်ဖြစ်ပါသည်။
ပါဝါစား အထူးသက်သာစေသော mode
ဖုန်းအား ၅% ဖြင့် မိနစ် 90 စာ စာရိုက်စကားပြောဆိုနိုင်ခြင်း
ပါဝါစား အထူးသက်သာစေသော mode တွင် ဖုန်းအား အထူးသက်သာစေသည့် နည်းဗျူဟာများဖြစ်သည့် CPU ကြိမ်နှုန်းတိုင်းတာခြင်းနှင့် မျက်နှာပြင်အလင်းကို ချိန်ညှိပေးခြင်း စသည်တို့ကို အသုံးပြုထားသောကြောင့် သင့်ဖုန်းဘက်ထရီကို ပုံမှန်ထက်ပိုမိုကြာရှည်စွာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ၎င်း mode တွင် အသုံးပြုသူများအနေဖြင့် မိမိအနှစ်သက်ဆုံး apps ၆ ခုကို ရွေးချယ်ပေးထားနိုင်သောကြောင့် ပုံမှန်လုပ်ငန်းဆောင်တာများကို အရှိန်မပျက် ဆက်လက်လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။
ဘက်ထရီအား ကာကွယ်ပေးထားခြင်း
လုံခြုံစိတ်ချစွာအားသွင်းနိုင်ခြင်း၊ စိတ်အေးချမ်းသာစွာ အိပ်စက်နိုင်ခြင်း
ဘက်ထရီသက်တမ်းကုန်ခြင်းကို လျော့ချပေးနိုင်ပါသည်။ အားအလွန်အကျွံသွင်းခြင်းများ မဖြစ်ပေါ်စေရန်အတွက် သင်နေ့စဉ်အားသွင်းသောအချိန်များကို မှတ်သားထားပေးနိုင်ပြီး ညအချိန်တွင် အားသွင်းသည့်နှုန်းကိုပါ ထိန်းချုပ်နိုင်သော လုပ်ဆောင်ချက်ပါရှိပါသည်။ တချိန်တည်းမှာပင် သင်အိပ်ယာမှ မနိုးထမှီဖုန်းအားပြည့်နေစေရန် လုပ်ဆောင်ပေးမည်ဖြစ်ပါသည်။
သိမ်းဆည်းထားနိုင်သော နယ်ပယ်
ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ပိုမိုကာကွယ်နိုင်ခြင်း
အန္တရာယ်ရှိသော App များကို တားဆီးပေးခြင်းဖြင့် သင့်ကိုယ်ပိုင် အချက်အလက်များကို အကာအကွယ်ပေးပါသည်။ တတိယအဖွဲ့အစည်း app များအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အချက်အလက်များကိုသာ ရယူနိုင်မည်ဖြစ်ပါသည်။ အကယ်၍ ခွင့်ပြုချက်ရရှိမှသာ စနစ်အတွင်းမှ အများကြည့်နိုင်သည့် ဖိုင်ဖိုတာများဖြစ်သော (ဓာတ်ပုံများ၊ ဗီဒီယိုများ၊ အော်ဒီယိုများ၊ စာဖိုင်အချက်အလက်များနှင့် ဒေါင်းလုတ်ဆွဲထားသည့်အရာများအပါအဝင်) ကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။
ကိုယ်ပိုင်စနစ်
သင်တစ်ဦးတည်းသာ ရယူအသုံးပြုနိုင်သော နေရာတစ်ခု
ကိုယ်ပိုင်စနစ်တစ်ခုထားရှိခြင်းဖြင့် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အကောင်းဆုံးကာကွယ်ပေးနိုင်မည်ဖြစ်ပါသည်။ သင်အနေဖြင့် စနစ်တစ်ခုခွဲ၍ ဖန်တီးထားပေးခြင်းဖြင့် သင်အသုံးပြုသော apps နှင့် အချက်အလက်များသည် ပင်မစနစ်နှင့် ခွဲထွက်နေမည်ဖြစ်ပြီး ထိုစနစ်ကို ဝင်ရောက်အသုံးပြုနိုင်ရန် လက်ဗွေသို့မဟုတ် လျို့ဝှက်နံပါတ်ကို အသုံးပြုဝင်ရောက်နိုင်မည်ဖြစ်သည်။ 6
အချက်အလက်များကို လုံခြုံမှု အပြည့်အဝပေးနိုင်သော ထောက်ခံချက်
သင့်အချက်အလက်များ ပိုမိုလုံခြုံစေခြင်း
မိမိ၏ ကိုယ်ပိုင်အချက်အလက်များအား သိမ်းဆည်းခြင်း၊ လွှဲပြောင်းပေးပို့ခြင်းတို့အတွက် အဆင့်မြင့် စာဝှက်နည်းပညာကို အသုံးပြုလုပ်ဆောင်ပေးမည်ဖြစ်ပါသည်။ ၎င်းလုပ်ဆောင်ချက်အား တတိယအဖွဲ့အစည်းများဖြစ်သော ISO, ePrivacy နှင့် TrustArc တို့မှ ထောက်ခံမှုကိုလည်း ရရှိပြီးဖြစ်ပါသည်။
အသေးစိတ်များ ပိုမိုနားလည်ခြင်း
ColorOS 11
တိုက်ရိုက်စကားပြောခန်း
Support ကိုခေါ်ပါ
09765479703
(လမ်း၊တံတား ဖြတ်သန်းခ အခမဲ့ ဖြစ်သည်)
9:00~17:30 MON-SAT
ဝန်ဆောင်မှုဌာန