{{baseData.historyTitle}}

{{baseData.historyTitle}}

  • သတင်းစာစောင်များ
  • 2020-09-30
  • OPPO မှ Roland-Garros တင်းနစ်ပြိုင်ပွဲအတွက် ကမ္ဘာလုံးဆိုင်ရာ 5G ဗီဒီယိုခေါ်ဆောင်မှုကို ဦးစီးပြုလုပ်ပေးခဲ့

    နာမည်ကြီး တင်းနစ်အကျော်အမော်တစ်ဦးဖြစ်သူ Guy Forget နှင့် ထိပ်တန်းအငယ်တန်း တင်းနစ်ကစားသမားများကို ချိတ်ဆက်ပေးနိုင်ခဲ့သည်။

    ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သော OPPO မှ ယခုနှစ် Roland-Garros တင်းနစ်ပြိုင်ပွဲတွင် ဝင်ရောက်မယှဥ်ပြိုင်နိုင်သည့် သို့မဟုတ်  ပြိုင်ပွဲကို လာရောက်မကြည့်ရှုနိုင်သည့် ထိပ်တန်းအငယ်တန်း တင်းနစ်ကစားသမားများကို OPPO 5G ဟန်းဆက်များ၏ စွမ်းဆောင်နိုင်မှုများနှင့် ပြိုင်ပွဲ၏ 5G တပ်ဆင်မှုများကို ပြသရင်း ထူးခြားသော အခွင့်အလမ်းတစ်ခုကို ပေးအပ်ခဲ့သည်။ OPPO France ၏ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ Denis Morel ၊ Roland-Garros ပြိုင်ပွဲ၏ ဒါရိုက်တာဖြစ်သူနှင့် ယခင် ကမ္ဘာ့နံပါတ်သုံးနှင့် Davis Cup တွင် အနိုင်ရရှိခဲ့သူ Guy Forget တို့မှ OPPO Find X2 Pro ကို အသုံးပြု၍ ထိပ်တန်းအငယ်တန်း တင်းနစ်ကစားသမားများနှင့် အတူ ဗီဒီယိုခေါ်ဆိုမှုပြုလုပ်ကာ နည်းပညာသည် တင်းနစ်လောကကို ဆက်လက်၍ မည်သို့ပြောင်းလဲစေမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

    OPPO မှ Roland-Garros တင်းနစ်ပြိုင်ပွဲအတွက် 
  ကမ္ဘာလုံးဆိုင်ရာ 5G ဗီဒီယိုခေါ်ဆောင်မှုကို ဦးစီးပြုလုပ်ပေးခဲ့

    OPPO မှ Roland-Garros တင်းနစ်ပြိုင်ပွဲအတွက် 
  ကမ္ဘာလုံးဆိုင်ရာ 5G ဗီဒီယိုခေါ်ဆောင်မှုကို ဦးစီးပြုလုပ်ပေးခဲ့

    ပြီးခဲ့သည့်နှစ်တွင် OPPO သည် Parisian Clay Court Grand Slam ၏ Premium Partner နှင့် Official Smartphone ဖြစ်လာခဲ့သည်။ OPPO သည် “Junior Wild Card Series” ၏ အဓိက Title Sponsor လည်း ဖြစ်လာခဲ့ပြီး ယခုနှစ်တွင် လူကိုယ်တိုင် ဝင်ရောက်ယှဥ်ပြိုင်မှုကို အစားထိုးရန် OPPO မှ ရည်မှန်းချက်မြင့်မား၍ အရည်အချင်းရှိသူများနှင့် ချိတ်ဆက်ပြီး ကမ္ဘာလုံးဆိုင်ရာ 5G ဗီဒီယိုခေါ်ဆိုမှုကို ဦးစီးပြုလုပ်ပေးခဲ့သည်။ Roland-Garros 2020 အတွက် စီစဥ် ထားသည့် OPPO ၏ ထပ်ဆောင်းလုပ်ငန်းစဥ်များတွင် OPPO Find X2 Pro ဖြင့် ရိုက်ကူးထားသော Roland-Garros ၏ လှပသောအခိုက်အတန့်များကို ပြသပေးသွားမည့် “Photo Gallery” ပါဝင်ပြီး ပိုမိုမြင်သာသော အားကစားကွင်းနှင့် အခြားသော လုပ်ငန်းစဥ် အကြောင်းအရာများကို မကြာမီ ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်သည်။

    OPPO မှ Roland-Garros တင်းနစ်ပြိုင်ပွဲအတွက် 
  ကမ္ဘာလုံးဆိုင်ရာ 5G ဗီဒီယိုခေါ်ဆောင်မှုကို ဦးစီးပြုလုပ်ပေးခဲ့

    OPPO ၏ Overseas CMO ဖြစ်သူ Gregor Almassy က “ကျွန်တော်တို့ရဲ့ 5G ထုတ်ကုန်တွေက ယခုနှစ် Roland-Garros ရဲ့ နောက်ထပ်တိုးမြှင့်ထားတဲ့ 5G ပတ်ဝန်းကျင်မှာ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ပါတယ်။” ဟု ပြောကြားခဲ့သည်။ “ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အရည်အချင်းရှိ လူငယ်တွေကို Guy Forget လို တင်းနစ်အကျော်အမော်တစ်ယောက်နဲ့ ချိတ်ဆက် ပေးနိုင်တာကို ကြည့်ခြင်းဖြင့် OPPO 5G ရဲ့ မြင့်မားတဲ့ ဆက်သွယ်မှုနှင့် စွမ်းဆောင်နိုင်မှုများကို သိနိုင်ပါတယ်။ ဒီအောင်မြင်မှုကနေ ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူတွေနဲ့ ပရိသတ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အားကစားကွင်း အတွေ့အကြုံတွေကို မြှင့်တင်ပေးအပ်နိုင်ဖို့အတွက် Roland-Garros နဲ့ OPPO တို့ရဲ့ ကတိကဝတ်ပြုထားတယ်ဆိုတာ တွေ့မြင်နိုင်ပါတယ်” ဟု ဆက်လက် ပြောကြားခဲ့သည်။

    OPPO မှ အကျော်အမော်တစ်ဦးနှင့် ဆက်သွယ်ပြောကြား : Roland-Garros မှ Guy Forget နှင့် 5G ဗီဒီယိုခေါ်ဆိုမှု

    အငယ်တန်း တင်းနစ်ကစားသမားများနှင့် ချိတ်ဆက်ပြောဆိုခြင်းသည် Forget အတွက် ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်များနှင့် အနာဂတ်လမ်းကြောင်းသို့ သွားရောက်သကဲ့သို့ပင် ဖြစ်သည်။ သူသည် ၁၉၈၂ ခုနှစ်တွင် Roland-Garros Junior Title အတွက် အနိုင်ရရှိပြီးနောက် ကမ္ဘာ့တင်းနစ်လောက၏ အာရုံစိုက်မှုကိုရရှိခဲ့သည်။ ၎င်းသည် ထိုအမှတ်တရနှင့် စိတ်အားထက်သန်မှုအား 5G ဗီဒီယိုခေါ်ဆိုမှုတွင် ပါဝင်ခဲ့ကြသော တရုတ်၊ အိန္ဒိယ၊ ရိုမေးနီးယားနှင့် ထိုင်းနိုင်ငံများမှ အရည်အချင်းရှိ အငယ်တန်း တင်းနစ်ကစားသမားများကို အားပေးနိုင်ရန် မျှော်လင့်ခဲ့သည်။

    OPPO မှ Roland-Garros တင်းနစ်ပြိုင်ပွဲအတွက် 
  ကမ္ဘာလုံးဆိုင်ရာ 5G ဗီဒီယိုခေါ်ဆောင်မှုကို ဦးစီးပြုလုပ်ပေးခဲ့

    ဆယ်စုနှစ်လေးခုနီးပါး ရှေ့သို့ပြန်လည်ကြည့်ပါက ယခု Roland-Garros တွင် ပြိုင်ပွဲဒါရိုက်တာအဖြစ်  တာဝန်ယူနေသော Forget သည် ပြိုင်ပွဲများကို အားကစားဆန်းသစ်တီထွင်မှုအတွက် အကောင်းဆုံးနေရာအဖြစ် ရှုမြင်သည်။ ဥပမာအားဖြင့် ပြီးခဲ့သည့်နှစ်တွင် OPPO သည် ၎င်း၏ ပထမဆုံး ဥရောပ 5G ဟန်းဆက်များကို Onsite ပြသခဲ့ပြီး အားကစားကွင်း၏ 5G ကွန်ရက် ထောက်ပံ့ထားသည့် ပထမဆုံး live 8K TV ပုံရိပ်များကိုပါ ပြသခဲ့သည်။ ယခုနှစ်တွင် နာမည်ကြီး Philippe-Chatrier ကစားကွင်းကို ခမ်းနားထည်ဝါသော ခေါင်မိုးတပ်ဆင်ထားပြီး အပြင်ဘက်ရှိ ကစားကွင်းများကို ပထမဦးဆုံး အနေဖြင့် Floodlight များဖြင့် မီးထိုးပေးသွားမည်ဖြစ်ကာ ပြိုင်ပွဲများကို အလင်းရောင်နည်းသော အခြေအနေများတွင်ပင် ယှဥ်ပြိုင်စေနိုင်ရန် ပြုလုပ်ပေးထားမည်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် Edition အတွက် OPPO သည် Find X2 Pro ဖြင့် ရိုက်ကူးထားသော ပုံရိပ်များနှင့်အတူ ကစားသမားများကို နေဝင်ချိန်၌ ယှဥ်ပြိုင်စေ၍ ထူးခြားသော Onsite အတွေ့အကြုံကို ပေးအပ်နိုင်ရန် ဂုဏ်ယူစွာတင်ပြခဲ့သည်။ နောက်ထပ် အသေးစိတ် အချက်အလက်များကို မကြာမီ ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

    OPPO မှ Roland-Garros တင်းနစ်ပြိုင်ပွဲအတွက် 
  ကမ္ဘာလုံးဆိုင်ရာ 5G ဗီဒီယိုခေါ်ဆောင်မှုကို ဦးစီးပြုလုပ်ပေးခဲ့

    Guy Forget က “ Roland-Garros 2020 ကို လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်မှာ ကစားသမားများနဲ့ ပရိသတ်များကို ပြန်လည်ကြိုဆိုခွင့်ရခဲ့တဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူဝမ်းမြောက်မိပြီး 5G နည်းပညာကို အသုံးပြုပြီး ဆန်းသစ်သော အတွေ့အကြုံများပေးနိုင်တဲ့အတွက်လည်း ကျွန်တော်တို့ အလွန် စိတ်လှုပ်ရှားမိပါတယ်” ဟု ပြောကြားခဲ့သည်။ “Roland-Garros နဲ့ OPPO အကြား ပူးပေါင်းမှုဆောင်ရွက်မှုက အခုလို ခက်ခဲတဲ့အချိန်တွေမှာ တင်းနစ်နဲ့ နည်းပညာကြား ဆက်သွယ်မှုကို  ဖွံဖြိုးတိုးတက် အဆင်ပြေချောမွေ့စေပြီး မျိုးဆက်သစ် ချန်ပီယံများကို အားပေးဖို့ အရမ်းအရေးကြီးနေပြီ ဖြစ်ပါတယ်” ဟု ဆက်လက် ပြောကြားခဲ့သည်။

    အဆိုပါ ခံယူချက်ကို ရည်မှန်းချက်မြင့်မား၍ ဗီဒီယိုခေါ်ဆိုမှုတွင် ပါဝင်ခဲ့သည့် အရည်အချင်းရှိ တင်းနစ် ကစားသမားများမှလည်း လက်ခံကြသည်။ ကစားသမားများမှ Guy Forget ကို ပရောဖက်ရှင်နယ် နာမည်ကြီး အားကစားသမားအနေဖြင့် COVID-19 ၏ ယခုနှစ်ပြိုင်ပွဲ အပါအဝင် အားကစားလုပ်ငန်းများအပေါ် သက်ရောက်နိုင်သော ဂယက်ရိုက်မှုများကို မည်သို့ ကိုင်တွယ်ဖြေရှင်းပုံများကို မေးမြန်းခဲ့ကြသည်။

    OPPO မှ Roland-Garros တင်းနစ်ပြိုင်ပွဲအတွက် 
  ကမ္ဘာလုံးဆိုင်ရာ 5G ဗီဒီယိုခေါ်ဆောင်မှုကို ဦးစီးပြုလုပ်ပေးခဲ့

    အိန္ဒိယမှ တင်းနစ်ကစားသမားတစ်ဦးဖြစ်သူ Shaikh Humera မှ “ဒီနှစ် မြေစေးကွင်း မှာ ယှဥ်ပြိုင်လို့မရတဲ့အတွက် စိတ်မကောင်းဖြစ်မိပေမယ့် ယခုခေတ် နည်းပညာတွေကို အသုံးပြုပြီးတော့ ပြိုင်ပွဲနဲ့ ပရိသတ်အတွေ့အကြုံတွေ ပြောင်းလဲ လာတာက တော်တော်အံ့ဩဖို့ ကောင်းပါတယ်” ဟု ပြောကြားခဲ့သည်။ “အရင်တုန်းက တင်းနစ်ကျွမ်းကျင်သူတစ်ဦးနဲ့ ချိတ်ဆက်ပြီးတော့ သူ့အလုပ်ဘဝရဲ့ အနိမ့်အမြင့်အချိန်ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့လဲဆိုတာ သိရတဲ့အတွက် ကျွန်မကို နောက်နှစ် လာမယ့်ပြိုင်ပွဲတွေမှာ ပိုမိုကြံ့ခိုင်လာစေဖို့ ဆက်လက်လေ့ကျင့်ဖို့ အားဖြစ်စေပါတယ်” ဟု ဆက်လက် ပြောကြားခဲ့သည်။

    OPPO နှင့် Roland-Garros အကြား မိတ်ဖက်ပြုမှု၏ ထူးခြားချက်မှာ အကောင်းဆုံးကို အစဥ်အမြဲ ရှာဖွေရန်နှင့် ဆန်းသစ် တီထွင်မှုများ၏ နယ်နိမိတ်ကို အဆက်မပြတ် တွန်းအားပေးလုပ်ဆောင်ရန်ဟူသော အချက်များကို တန်ဖိုးထားခြင်းပင် ဖြစ်သည်။ ယခုနှစ်တွင် OPPO သည် အခြေခံလုပ်ငန်းစဥ်များဖြစ်သည့် ဥရောပတစ်လွှားရှိ ငယ်ရွယ်သော ပရိသတ်များနှင့် ကမ္ဘာလုံးဆိုင်ရာ တင်းနစ်ပရိသတ်များကို ပိုမိုလေးနက်စွာ ချိတ်ဆက်ဆောင်ရွက်ပေးခဲ့သည် သာမက ပြင်သစ် တင်းနစ် အဖွဲ့ချုပ်၏ Brand Strategy ကို အာရှတစ်ဝန်းရှိ ဈေးကွက်များ၌ ပိုမိုကျယ်ပြန့် တွင်ကျယ်လာစေရန် လုပ်ငန်းစဥ်များကို တည်ဆောက်ပြီးဖြစ်သည်။

    OPPO မှ Roland-Garros တင်းနစ်ပြိုင်ပွဲအတွက် 
  ကမ္ဘာလုံးဆိုင်ရာ 5G ဗီဒီယိုခေါ်ဆောင်မှုကို ဦးစီးပြုလုပ်ပေးခဲ့

    OPPO သည် နည်းပညာများမှ လူအများကို မျှော်လင့်ချက်နှင့် နွေးထွေးမှုကို ပေးစွမ်းနိုင်သည့်အပြင် ပိုမိုကောင်းမွန်သော အနာဂတ်ကို ရှာဖွေဖော်ထုတ်ဖန်တီးနိုင်ရန် ကူညီပေးနိုင်သည်ဟု ယုံကြည်သည်။ ကမ္ဘာလုံးဆိုင်ရာ Brand Awareness တိုးမြှင့်ရန်နှင့် OPPO နည်းပညာများကို ချဲ့ထွင်ရန်ဟူသော OPPO ၏ ကြိုးစားအားထုတ်မှုများနှင့်အတူ အခြားလုပ်ဆောင်ချက်များကို မျှော်လင့်နိုင်သည်။