{{baseData.historyTitle}}

{{baseData.historyTitle}}

  • ဇာတ်လမ်း
  • 2020-04-22
  • OPPO, Ericsson နှင့် MediaTek တို့ ပူးပေါင်း၍ မကြာတော့မည့် အချိန်ကာလတွင် အရည်အသွေးမြင့် 5G Phone အသုံးပြုမှုများ ရရှိလာရန် VoNR Voice Call နှင့် Video Calls များဖြင့် လက်တွေ့စမ်းသပ် အကောင်အထည်ဖော်

    OPPO မှ Next-Generation 5G Network ကို အခြေခံသည့် ဖုန်းခေါ်ဆိုမှုနှင့် ဗီဒီယိုခေါ်ဆိုမှုများကို အောင်မြင်စွာ ထုတ်လုပ်စမ်းသပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဧပြီလ ၈ ရက်တွင် ကြေညာခဲ့သည်။ အဆိုပါ စမ်းသပ်ချက် အောင်မြင်မှုသည် အရည်အသွေးမြင့် 5G လုပ်ဆောင်မှုများကို အကောင်အထည်ဖော်နိုင်ရန် ပိုမိုနီးစပ်လာစေမည်ဖြစ်သည်။

    Ericsson Radio System ထုတ်ကုန်များနှင့် နည်းပညာများဖြင့် အားဖြည့်ထားသော End-to-End 5G Standalone (SA) Network ကို အသုံးပြုထားသည့် MediaTek ၏ Dimensity 1000 series SoC ပါဝင်သော OPPO ၏ အဆင့်မြင့် Commercial Smartphone များတွင် Ericsson နှင့် MediaTek တို့ ပူးပေါင်း ထုတ်လုပ်ထားသော VoNR (Voice/Video on New Radio) Call များကို ခေါ်ဆိုနိုင်မည်ဖြစ်သည်။

    OPPO, Ericsson နှင့် MediaTek တို့ ပူးပေါင်း၍ မကြာတော့မည့် အချိန်ကာလတွင် အရည်အသွေးမြင့် 5G Phone အသုံးပြုမှုများ ရရှိလာရန် VoNR Voice Call နှင့် Video Calls များဖြင့် လက်တွေ့စမ်းသပ် အကောင်အထည်ဖော်

    VoNR သည် 5G network (SA Architecture) တွင်သာ လုပ်ဆောင်နိုင်သည့် အခြေခံ Call Service တစ်ခုပင် ဖြစ်သည်။ ယခင် Call Service များနှင့် နှိုင်းယှဉ်ကြည့်လျှင် VoNR သည် Latency (Call ပြောဆို နှောင့်နှေး ကြန့်ကြာစေခြင်း) ကို သိသိသာသာ လျှော့ချပေးပြီး၊ အသံနှင့် ရုပ်ထွက် အရည်အသွေးကိုလည်း ပိုမို ကောင်းမွန်စေသောကြောင့် သုံးစွဲသူများထံ ယခင်ကထက် ပိုမိုအဆင့်မြင့်ပြီး အဆင်ပြေချောမွေ့သော လုပ်ဆောင်မှုများကို ပေးနိုင်မည်ဖြစ်သည်။

    SA Architecture သည် အနာဂတ် 5G Networks များအတွက် အဓိကကျသော Architectures များအနက် တစ်ခု အပါအဝင်ဖြစ်သည်။ ကမ္ဘာအနှံ့မှ Operator များမှ 5G SA networks များ အသုံးပြုနိုင်ရန် အခြေခံများကို ဆောင်ရွက်လျက်ရှိရာ ပထမဆုံး ဖုန်း Brand များထဲမှ တစ်ခုအဖြစ် OPPO သည် သုံးစွဲသူများကို ပိုမို ပြည့်စုံသော 5G Experience ကို ပေးစွမ်းနိုင်ရန်အတွက် SA Architecture ၏ အကူအညီနှင့်အတူ VoNR Calls များ စတင်ခေါ်ဆိုအသုံးပြုနိုင်စေရန် ရည်ရွယ်သည်။ OPPO သည် အနာဂတ်၏ ဆက်သွယ်မှု နည်းပညာပိုင်းတွင် Smartphone ထုတ်လုပ်သူများ၏ စွမ်းဆောင်ရည် မြင့်မားမှု ပိုမိုလိုအပ်လာသည် နှင့်အမျှ ကမ္ဘာအနှံ့ 5G Networks များ အသုံးပြုနိုင်စေရန် လုပ်ဆောင်နေကြသော ဆက်သွယ်မှုဆိုင်ရာ စက်ပစ္စည်း ကိရိယာများ ထောက်ပံ့သူများနှင့် Operator များ၏ ဦးစားပေး ရွေးချယ်သော မိုဘိုလ်းဖုန်း ပါတနာအဖြစ် ပိုမို ခိုင်မြဲစေရန် ဆောင်ရွက်လျက်ရှိသည်။

    OPPO, Ericsson နှင့် MediaTek တို့ ပူးပေါင်း၍ မကြာတော့မည့် အချိန်ကာလတွင် အရည်အသွေးမြင့် 5G Phone အသုံးပြုမှုများ ရရှိလာရန် VoNR Voice Call နှင့် Video Calls များဖြင့် လက်တွေ့စမ်းသပ် အကောင်အထည်ဖော်

    OPPO ၏ ဒုဥက္ကဌနှင့် Software Engineering Business ဌာန၏ ဥက္ကဌဖြစ်သူ Andy Wu က “OPPO ဟာ ကမ္ဘာမှာ ဦးဆောင်နေတဲ့ နည်းပညာ ကုမ္ပဏီတစ်ခုအနေနဲ့ 5G ကို စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖို့ အရှိန်မြှင့်တင်ပြီး ကြိုးစားဆောင်ရွက်နေပါတယ်။ VoNR အတွက် Ericsson ၊ MediaTek တို့နဲ့ ပူးပေါင်း လုပ်ဆောင်ရတာဟာလည်း 5G ခေတ်အတွက် ကြိုးပမ်းနေတဲ့ OPPO ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေထဲက တစ်ခုပါပဲ။ ကမ္ဘာအနှံ့ 5G ဖြန့်ချိအသုံးပြုတဲ့အခါ စျေးကွက်ရဲ့ စံပြ ပူးပေါင်းဆောင်ရွက်သူ တစ်ဦးဖြစ်လာစေဖို့နဲ့ သုံးစွဲသူတွေအတွက် 5G Experience ကို အဆင့်မြှင့်တင်ပေးဖို့ ရည်ရွယ်ပါတယ်” ဟု ပြောကြားခဲ့သည်။

    အဆိုပါ ပူးပေါင်းဆောင်ရွက် စစ်ဆေးခြင်းကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ရှိ Ericsson ရုံးချုပ်မှ ထောက်ပံ့သော 5G SA Network Environment ၏ ကြီးကြပ်မှု အောက်တွင် စစ်ဆေးအောင်မြင်ခဲ့ခြင်းဖြစ်သည်။ ဖုန်းစမ်းသပ် ခေါ်ဆိုရာတွင် စမ်းသပ်ခေါ်ဆိုသည့် ဖုန်း ၂ လုံးမှာ ချက်ချင်းဆိုသလို ဆက်သွယ်မှု ရရှိခဲ့ပြီး ခလုတ် တစ်ချက်နှိပ်ရုံဖြင့် ကြည်လင်ပြတ်သားသော အဆင့်မြင့် High-Definition Video Call သို့ ပြောင်းလဲနိုင်ခဲ့သည်။

    OPPO, Ericsson နှင့် MediaTek တို့ ပူးပေါင်း၍ မကြာတော့မည့် အချိန်ကာလတွင် အရည်အသွေးမြင့် 5G Phone အသုံးပြုမှုများ ရရှိလာရန် VoNR Voice Call နှင့် Video Calls များဖြင့် လက်တွေ့စမ်းသပ် အကောင်အထည်ဖော်

    Ericsson ၏ Product Line 5G RAN ဥက္ကဌဖြစ်သူ Hannes Ekström က “5G ကို ကမ္ဘာအနှံ့ စတင် အသုံးပြုနိုင်အောင်လို့ ဦးဆောင်ထုတ်လုပ်နေပြီးတော့ နောက်တစ်ဆင့်အနေနဲ့ 5G Standalone Services တွေ ပေးနိုင်ဖို့ ကြိုးစားနေပါပြီ။ Commercial Hardware နဲ့ Software တွေ အပေါ် အခြေခံထားတဲ့ Ericsson End-to-End 5G Standalone Network တွေကို ကျွန်တော်တို့ရဲ့ ပါတနာတွေ ဖြစ်တဲ့ OPPO နဲ့ MediaTek ပစ္စည်းများနဲ့ တွဲဖက်အသုံးပြုမယ်ဆိုရင် သုံးစွဲသူတွေအတွက် 5G က ပေးစွမ်းမယ့် မြန်နှုန်းမြင့် စွမ်းဆောင်ရည်တွေ ပါဝင်တဲ့ အရေးပါတဲ့ ဖုန်းခေါ်ဆိုမှုနှင့် ဗီဒီယိုခေါ်ဆိုမှုများ လုပ်ဆောင်နိုင်မှာ ဖြစ်ပါ တယ်။ ဒီအောင်မြင်မှုက Service Providers တွေ အဆင့်မြင့် end-to-end 5G Experience တွေ ပေးစွမ်း နိုင်အောင် လုပ်ဆောင်ပေးနေတဲ့ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုရဲ့ သက်သေပါပဲ” ဟု ပြောကြားခဲ့သည်။

    MediaTek ၏ Wireless System Design နှင့် Partnership ဌာန၏ General Manager ဖြစ်သူ JS Pan က “MediaTek က သုံးစွဲသူတွေကို ထူးခြားဆန်းသစ်တဲ့ နည်းပညာတွေနဲ့အတူ ပြိုင်ဘက်မရှိတဲ့ 5G Experience တွေ ပေးနိုင်ဖို့ အမြဲ ကြိုးစားနေပါတယ်။ 5G ဖုန်းခေါ်ဆိုမှုနဲ့ ဗီဒီယိုခေါ်ဆိုမှုတွေအတွက် အဆင့်မြင့် သုံးစွဲမှု အတွေ့အကြုံတွေကို ပေးစွမ်းနိုင်အောင်လို့ OPPO ရဲ့ Strategic Partner အနေနဲ့ ကူညီလုပ်ဆောင် နေပါတယ်” ဟု ပြောကြားခဲ့သည်။

    OPPO, Ericsson နှင့် MediaTek တို့ ပူးပေါင်း၍ မကြာတော့မည့် အချိန်ကာလတွင် အရည်အသွေးမြင့် 5G Phone အသုံးပြုမှုများ ရရှိလာရန် VoNR Voice Call နှင့် Video Calls များဖြင့် လက်တွေ့စမ်းသပ် အကောင်အထည်ဖော်

    OPPO သည် 5G နည်းပညာများ တီထွင်ထုတ်လုပ်မှုနှင့် သုံးစွဲနိုင်ရန် အကောင်အထည်ဖော်မှုတို့တွင် နိုင်ငံတကာတွင် ရှေ့တန်းမှ ဦးဆောင်လျက်ရှိသည်။ ၂၀၁၉ ခုနှစ်တွင် Dynamic Spectrum Sharing (DSS) Technology ကို အသုံးပြုထားသော ကမ္ဘာ့ပထမဦးဆုံး Video Data Call ကို စတင် အကောင်အထည် ဖော်ရာတွင် ပူးပေါင်းပါဝင်ခဲ့သည်။ OPPO သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် Global Patent Families ၂၉၀၀ ကျော် အတွက် မူပိုင်ခွင့် လျှောက်လွှာများ ပိုင်ဆိုင်ထားပြီး European Telecommunications Standards Institute (ETSI )တွင် 5G Standard Essential Patents Families ၁၀၀၀ ကျော်ကို ကြေညာခဲ့သည်။ ထို့ပြင် OPPO သည် နိုင်ငံတကာ စံချိန်စံနှုန်းများ အဖွဲ့အစည်းကို အဓိက ပံ့ပိုးသူများအနက် တစ်ဦးဖြစ်သည့် 3GPP သို့ 5G စံချိန်စံနှုန်းနှင့် ပတ်သက်သော အချက်အလက် စာတမ်းပေါင်း ၃၀၀၀ ကျော် တင်သွင်းထားပြီးဖြစ်သည်။

    ယခုအခါတွင် OPPO သည် ကမ္ဘာအနှံ့အပြားတွင် R&D ဝန်ထမ်း ၁၀,၀၀၀ ကျော်၊ Research Centers ၄ ခု နှင့် Research Institutes ၆ ခု တို့ကို တည်ထောင်ထားသည်။ OPPO ကို စတင်တည်ထောင်သူနှင့် CEO ဖြစ်သူ Mr. Tony Chen က OPPO သည် 5G အတွက် သုတေသနပိုင်း၊ Artificial Intelligence, AR, Big Data နှင့် အခြားအပိုင်းများနှင့်အတူ အဓိကကျသော အခြေခံ Hardware Technologies နှင့် Software Engineering Ability များ တည်ဆောက်ရာ R&D ဌာနတွင် သုံးနှစ်အတွင်း ယန်း ၅၀ ဘီလီယံ ရင်းနှီးမြှပ်နှံ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ OPPO ၏ R&D အတွက် အဆုံးမရှိသော ကြိုးစားမှုများနှင့် အခြားစျေးကွက်ဆိုင်ရာ ပူးပေါင်းမှုများမှ တစ်ဆင့် ဆန်းသစ်သော နည်းပညာများနှင့် အနာဂတ်သည် ကမ္ဘာ့နိုင်ငံ အနှံ့အပြားမှ သုံးစွဲသူများအတွက် လက်တွေ့နှင့် ပိုမို နီးစပ်လာပြီ ဖြစ်သည်။