{{baseData.historyTitle}}

{{baseData.historyTitle}}

  • ဇာတ်လမ်း
  • 2020-06-26
  • Vodafone ၏ ဥရောပစျေးကွက်သို့ OPPO ထုတ်ကုန်များ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိနိုင်ရန် OPPO နှင့် Vodafone တို့ ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ချုပ်ဆို

    ● Vodafone ၏ ဥရောပစျေးကွက်များဖြစ်သော ဂျာမနီ၊ ယူကေ၊ စပိန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ တူရကီ နှင့် နယ်သာလန် နိုင်ငံများမှ တစ်ဆင့် OPPO ထုတ်ကုန်များ ကို Vodafone ၏ စျေးကွက်လမ်းကြောင်းများမှ တစ်ဆင့် အရှိန်ဟုန်မြှင့် တင်သွင်းသွားမည်ဖြစ်သည်။
    ● Vodafone သုံးစွဲသူများသည် OPPO ၏ အခြေခံ ထုတ်ကုန်များမှ စ၍ 4G နှင့် 5G Smartphones စသည့် အဆင့်မြင့် Flagship ထုတ်ကုန်များအထိ အသုံးပြုနိုင်မည်ဖြစ်သည်။
    ● ဤ ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်သည် OPPO နှင့် Vodafone တို့ 5G အသုံးပြုမှုကို အရှိန်မြှင့်တင်ရန်နှင့် Vodafone စျေးကွက်တွင်းရှိ သုံးစွဲသူများသည် OPPO ထုတ်ကုန်များကို လွယ်ကူစွာ ဝယ်ယူနိုင်ရန် လုပ်ဆောင်ပေးမည်ဖြစ်သည်။

    OPPO နှင့် Vodafone သည် ၂၀၂၀ ပြည့်နှစ် မေလမှ စတင်ကာ OPPO ၏ ထုတ်ကုန် အမျိုးမျိုးကို Vodafone ၏ ဥရောပစျေးကွက်တွင် ဖြန့်ချိရန် ပူးပေါင်းလုပ်ဆောင်မှုသဘောတူညီချက်ကို ၂၀၂၀ ပြည့်နှစ် မေလ ၁၈ ရက်တွင် ကြေညာလိုက်သည်။

    ဆန်းသစ်သော ထုတ်ကုန်များ၊ အဆင့်မြင့် 5G နည်းပညာများ၊ ဖုန်း ဟန်းဆက် ရောင်းချမှုနှုန်း နှစ်စဉ် သန်း ၁၀၀ ကျော်တို့ကို ပိုင်ဆိုင်ထားသော OPPO သည် Vodafone ၏ Gigabit Network အတွက် သင့်လျော်သော လက်တွဲဖော်ပင် ဖြစ်သည်။ ကုမွဏီ (၂) ခု၏ ပူးပေါင်းဆောင်ရွက်မှုသည် သုံးစွဲသူများကို ရွေးချယ်ခွင့် ပိုမို ရရှိစေပြီး Vodafone ၏ နိုင်ငံတကာ စျေးကွက်တွင် 5G အသုံးပြုမှုကိုလည်း ပိုမို မြင့်မားလာစေမည်ဖြစ်သည်။

    Vodafone ၏ အရောင်းဆိုင်များ၊ အွန်လိုင်းစတိုးများတွင် OPPO A series, Reno series နှင့် Find X series စသည်ဖြင့် တန်ဖိုးသင့် စမတ်ဖုန်းများမှ စ၍ စျေးကွက်တွင် ဦးဆောင်လျက်ရှိသည့် 5G flagship စမတ်ဖုန်းများအထိ OPPO ၏ များပြားသော ထုတ်ကုန်အမျိုးမျိုးကို ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

    ပထမအဆင့်ပူးပေါင်းဆောင်ရွက်မှုတွင် Vodafone သည် OPPO ထုတ်ကုန်များကို ဂျာမနီ၊ ယူကေ၊ စပိန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ တူရကီ နှင့် နယ်သာလန်နိုင်ငံများရှိ အရောင်းဆိုင်များတွင် စတင်မိတ်ဆက်သွားမည်ဖြစ်သည်။ ကုမ္ပဏီ နှစ်ခုတို့ အတူတကွ နိုင်ငံတကာ ပူးပေါင်းလုပ်ဆောင်မှုကို ပိုမို တိုးတက်အောင် လုပ်ဆောင်ရင်း အနာဂတ်တွင် Vodafone ၏ စျေးကွက်များတွင် OPPO ထုတ်ကုန်များ ရရှိနိုင်မှုကို တိုးချဲ့နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။

    Vodafone ၏ ဥရောပစျေးကွက်သို့ OPPO ထုတ်ကုန်များ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိနိုင်ရန် OPPO နှင့် Vodafone တို့ ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ချုပ်ဆို

    OPPO ၏ ဥက္ကဌနှင့် နိုင်ငံတကာ အရောင်းဌာန၏ ဒုဥက္ကဌဖြစ်သူ Mr.Alen Wu က “OPPO ရဲ့ စျေးကွက်မှာ ဦးဆောင်နေတဲ့ ထုတ်ကုန်တွေနဲ့ နည်းပညာတွေက 5G ခေတ်မှာ Vodafone အတွက် အခွင့်အရေးအသစ်တွေ ယူဆောင်လာပေးမယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် Vodafone ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ “ပိုမိုကောင်းမွန်သော အနာဂတ်အတွက် ဆက်သွယ်ခြင်း” ဆိုတာဟာ OPPO Benfen ရဲ့ “လုပ်သင့်သော အလုပ်ကို လုပ်ကိုင်ရင်း ကောင်းမွန်သော တန်ဖိုးတို့ကိုသာ သုံးစွဲသူထံ ပေးရန်” ဆိုတဲ့ တန်ဖိုးထားတဲ့အချက်နှင့် ကိုက်ညီမှုရှိနေပါတယ်။ 5G ခေတ်မှာ Vodafone နဲ့အတူ နှစ်ဦးအကျိုးတူ ဆက်ဆံရေးကို ပိုမို ခိုင်မြဲအောင် ဆောင်ရွက်ရင်း သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးပေးနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

    “OPPO ရဲ့ နောက်ဆုံးပေါ် ထုတ်ကုန်တွေနဲ့ Vodafone ရဲ့ ခေတ်ရှေ့ပြေးတဲ့ Network တို့ ပူးပေါင်းမှုက သုံးစွဲသူတွေအတွက် 5G ရဲ့ စွမ်းဆောင်မှု အပြည့်အဝနဲ့အတူ ရွေးချယ်စရာတွေ ပိုများလာမှာပါ။ Vodafone နဲ့ OPPO တို့ ပူးပေါင်းခြင်းက OPPO ရဲ့ စွဲမက်ဖွယ် ထုတ်ကုန် ပစ္စည်းများနဲ့ ကျွန်တော်တို့ရဲ့ 5G ပိုင်း စွမ်းဆောင်ရည်အားတို့ကို ကျွန်တော်တို့ရဲ့ ဥရောပစျေးကွက်ကို ကျော်လွန်ပြီး နေရာအနှံကို ရောက်ရှိစေမှာပါ” ဟု Vodafone ၏ စီးပွား‌ရေး စီမံခန့်ခွဲမှုနှင့် မဟာဗျူဟာဌာန ဥက္ကဌ Mr.Ahmed Essam က ပြောကြားခဲ့သည်။

    OPPO သည် ကုန်ပစ္စည်းများကို ကိုယ်ပိုင်စက်ရုံများတွင် အဓိက ထုတ်လုပ်လျက်ရှိပြီး ကုန်ထုတ်လုပ်သော စက်ရုံအများစုမှာ ပုံမှန်အတိုင်း လည်ပတ်နေပြီဖြစ်သောကြောင့် Coronavirus ဖြစ်ပွားချိန်တွင်ပင် Vodafone အတွက် ထုတ်ကုန်များ ဆက်လက်ပံ့ပိုးပေးနိုင်ပြီး လုပ်ငန်းကို ဆက်လက်လည်ပတ်နိုင်စေသည်။ ယခု အရောင်းဆိုင်များ ခေတ္တနားထားသည့်အတွက် ကုမ္ပဏီ နှစ်ခုလုံးမှ အွန်လိုင်းမှ ရောင်းချခြင်းဖြင့် သုံးစွဲသူတို့အတွက် ဝန်ဆောင်မှုများ‌ပေးလျက်ရှိသည်။ အရောင်းဆိုင်များ ပြန်လည် ဖွင့်လှစ်ချိန်တွင် OPPO သည် Vodafone နှင့်အတူ အရောင်းဝန်ထမ်းများနှင့် ဝယ်ယူအားပေးသူများ၏ ဘေးကင်း ကျန်းမာရေးအတွက် အထူးအလေးပေး လုပ်ဆောင်သွားမည်ဖြစ်သည်။

    မေလမှ စ၍ OPPO ၏ ထုတ်ကုန် Series များကို Vodafone မှ တစ်ဆင့် ဂျာမနီ၊ ယူကေ၊ စပိန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ တူရကီ နှင့် နယ်သာလန်နိုင်ငံများတွင် စတင်ဝယ်ယူနိုင်မည်ဖြစ်သည်။ အခြား နိုင်ငံများအတွက် ကုန်ပစ္စည်း ရရှိနိုင်မှုနှင့် ပတ်သက်၍ OPPO နှင့် Vodafone တို့မှ ထပ်မံ ကြေညာသွားမည်ဖြစ်သည်။

    တိုက်ရိုက်စကားပြောခန်း

    တိုက်ရိုက်စကားပြောခန်း

    Call: 09765479703

    Support ကိုခေါ်ပါ

    09765479703

    (လမ်း၊တံတား ဖြတ်သန်းခ အခမဲ့ ဖြစ်သည်)

    9:00~17:30 MON-SAT

    Service Center

    ဝန်ဆောင်မှုဌာန