OPPO A52 တွင် ရုပ်ထွက်အလွန်ကောင်းမွန်သည့် နီယွန်ဒီဇိုင်းနှင့် 1.73mm ရှိအလွန်ကျဉ်းသည့် ဘေးဘောင်ပါဝင်သော ရုပ်ထင်မှန်သားပါရှိပါသည်။ ဗီဒီယိုကြည့်ခြင်းနှင့် ဂိမ်းကစားခြင်းများ ပြုလုပ်ရာတွင် ပိုမိုကြည်လင်သော အတွေ့အကြုံသစ်ကို ရရှိစေပါသည်။
ပါတ်ဝန်းကျင်အလင်းရောင်နှင့် နေ့စဉ်ဘဝနေထိုင်မှု အမူအကျင့်ပေါ်မူတည်ပြီး မျက်နှာပြင်၏ အလင်းရောင်ကို အလိုအလျောက် ချိန်ညှိပေးနိင်ပါသည်။ မျက်လုံးထိန်းသိမ်းသည့် eye care mode ကိုဖွင့်ထားသည့်အချိန်တွင် သင့်မျက်ဝန်းကျိန်းစပ်ခြင်းမဖြစ်အောင် မျက်ဝန်းကို ထိခိုက်စေသော အပြာရောင်အလင်းတန်းများအား လျော့ချပေးနိုင်ပါသည်။
Eye Protection Certification by TÜV Rheinland
ဝင်ရိုးစွန်းအား ပုံဖော်ထားခြင်း - ဝင်ရိုးစွန်းညချမ်း၏ ကြယ်တာရာများကဲ့သို့ မဲမှောင်တောက်ပြောင်နေသော အလှတရားနှင့် ရေခဲမြစ်အတွင်းဖြတ်သန်းစီးဆင်းနေသည့် အဖြူရောင်စမ်းချောင်းငယ်တစ်စင်း၏ အလှတရား။
OPPO A52 ၏ လှပသေသပ်အောင် ချိန်ညှိထားသော မျဉ်းကွေး 3D ရုပ်လုံးကြွ အခုံးဒီဇိုင်းက ပိုမိုကောင်းမွန်သော သုံးစွဲမှုအတွေ့အကြုံသစ်များစွာကို ဆောင်ကြဉ်းပေးပါလိမ့်မည်။
AI နည်းပညာသုံး ပင်မအလင်းဝင်ပေါက်၊ 119° ရှိသည့်ထောင့်ကျယ်မှန်ဘီလူးနှင့် ထူးခြားလှပသော အလှဓါတ်ပုံရိုက်မှန်ဘီးလူးနှစ်ခု စသည့်ကင်မရာများ၏ အလင်းပေါက်များကို ကြယ်တာရာများသဖွယ် လှပစွာခင်းကျင်းထားရှိပါသည်။
OPPO A52 တွင် ဗီဒီယိုရိုက်ကူးရာတွင် တုန်ခါမှု မဖြစ်ပေါ်စေသည့် Video Anti-Shake ပါဝင်ပြီး ပုံရိပ်များကို ထင်ထင်ရှားရှား တည်တည်ငြိမ်ငြိမ် ရိုက်ကူနိုင်မည်ဖြစ်ပါသည်။ ထောင့်ကျယ်ဗီဒီယိုရိုက်ကူမှုအသစ်နှင့် 120fps အနှေးရိုက်ကူးချက် slow-motion ဗီဒီယို လုပ်ဆောင်ချက်များက သက်ဝင်လှုပ်ရှားနေသော အမိုက်စား ဗီဒီယိုကောင်းများကို မှတ်တမ်းတင်ထားရှိနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် 4K က သင့်အတွက် အမြဲအသင့်ရှိနေမှာပါ။
f/1.8 အလင်းဝင်ပေါက်ရှိ မှန်ဘီလူးက အလင်းကိုပိုမိုဖမ်းယူနိုင်သည့်အပြင် ညအချိန်တွင် ရိုက်ကူးသော Ultra Night Mode 2.0 ကပါ ဓါတ်ပုံအရည်အသွေးကို ပိုမိုကောင်းမွန်အောင် မြင့်တင်ပေးနိုင်ပါသည်။ အလင်းစူးသည့်နေရာတွင် ဓါတ်ပုံများကို အလင်းများလွန်းခြင်းမဖြစ်အောင် ချိန်ညှိပေးနိုင်သကဲ့သို့ မှောင်မိုက်သည့်နေရာများတွင်လည်း ပုံမှန်ကဲ့သို့ အကြည်လင်ပြတ်သားဆုံးဖြစ်အောင် ရိုက်ယူနိုင်မည်ဖြစ်ပါသည်။
ပိုမိုတွေ့မြင်နိုင်ခြင်း၊ ပိုမိုဆန်းကြယ်ခြင်း
ရိုက်ချက်တစ်ချက်တည်းဖြင့် အရာအားလုံးကို ဖမ်းယူရိုက်ကူးလိုက်ပါ။ ပညာရှင်ဆန်ဆန်ရိုက်ကူးနိုင်မည့် ထောင့်ကျယ်မှန်ဘီလူးက ဓါတ်ပုံပျက်စီးခြင်းကို အနည်းဆုံးဖြစ်အောင် ရိုက်ကူးပေးနိုင်ပါသည်။
OPPO မှ AI နည်းပညာသုံး အလှပြင်ခြင်းဆိုင်ရာများကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိပြီး မတူညီသော ရိုက်ကူးမှုတိုင်းအတွက် လိုက်ဖက်သော အသားအရောင်၊ အလင်းအနေအထားနှင့် ကိုယ်ပိုင်စတိုင်ကို အလန်းဆုံးဖြစ်အောင် ဖော်ထုတ်ပေးသွားမည်ဖြစ်ပါသည်။ အသားအရေကို ပိုမိုညက်ညောအောင် လုပ်ဆောင်ပေးနိုင်သည့်အပြင် အပြစ်အနာအဆာများကိုပါ အကောင်းဆုံးဖုံးအုပ်ပေးနိုင်သည့် လုပ်ဆောင်ချက်ကိုပါ ထည့်သွင်းပေးထားပါသည်။
Series တစ်ခုလုံးတွင် 128 GB/UFS 2.1 သိမ်းဆည်းနိုင်အောင် တပ်ဆင်ထားပေးပါသည်။ အဆက်မပြတ် ဖတ်ယူနိုင်ခြင်း လုပ်ဆောင်ချက်အတွက် 61% တိုးမြင့်ထားပြီး app များကို install လုပ်ခြင်း၊ ဖိုင်များကော်ပီကူးခြင်းတို့ကို ပိုမိုမြန်မြန်ဆန်ဆန်လုပ်ဆောင်နိုင်ပြီဖြစ်သည်။
4GB/LPDDR4x မမ်မိုရီက မတူညီသော app များနှင့် ဂိမ်းများကို တစ်ချိန်တည်း အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးပါသည်။
Qualcomm Snapdragon processor ကို 64-bit capable octa-core CPU ဖြင့်အားဖြည့်ထားပါသည်။ OPPO ၏ Hyper Boost လုပ်ဆောင်ချက်က app နှင့် ဂိမ်းများ၏ စွမ်းဆောင်ရည်ကို မြင့်တင်ပေးနိုင်ပြီး စက်တစ်ခုလုံးကို အဆင်ပြေပြေ၊ ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်အောင် ထောက်ပံ့ပေးပါသည်။
5000mAh ရှိ ပမာဏများစွာဆန့်သည့် ဘက်ထရီက လုပ်ငန်းများစွာကို လုပ်ကိုင်စေကာမှု တစ်နေကုန် အသုံးခံအောင် ဆောင်ရွက်ပေးပါလိမ့်မည်။ 18W အမြန်အားသွင်းစနစ်က အချိန်အနည်းငယ်အတွင်းမှာပင် အလျှင်အမြန်အားသွင်းနိုင်အောင် ဆောင်ရွက်နိုင်ပါသည်။
OPPO A52 စူပါ - လီနီယာ စတီဒီယို ကင်မရာ ၂ ခု နှင့် Dirac 2.0 အသံလုပ်ဆောင်ချက်များက ဂီတသံ၊ ဗီဒီယိုနှင့် ဂိမ်းများ၏ အသံကို အလိုအလျောက် ခွဲခြားပေးနိုင်ပါသည်။ အသံများက သင့်ကို လက်တွေ့ကမ္ဘာကြီးထဲကို ရောက်ရှိသကဲ့သို ခံစားမှုရသ အပြည့်ရအောင် ဆောင်ကြဉ်းပေးသွားမည်ဖြစ်ပါသည်။
အမှောင်ထဲတွင် ဖုန်းအသုံးပြုခြင်း Dark Mode က သင့်မျက်ဝန်းများကို ပိုမိုသက်တောင့်သက်သာရှိစေရုံမျှမက ပါဝါစားနှုန်းကိုလည်း သိသိသာသာ လျော့ချပေးနိုင်ပါသည်။
စမတ်ဘေးဘားတန်းသည် သင့်ဖုန်း၏ အံဆွဲတစ်ခုသဖွယ် လုပ်ဆောင်ပေးမည်ဖြစ်ပြီး သင်မကြာခဏ အသုံးပြုမည့် app များကို အလွယ်တကူ သိမ်းဆည်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ဖုန်းမျက်နှာပြင်ပေါ်သို့ ဝင်ရောက်ရန်မလိုအပ်တော့ပဲ အဆင့်လေး ၂ ဆင့်ကျော်ဖြတ်ရုံဖြင့် ရရှိနိုင်ပါပြီ။ ဘေးဘာတန်းကို ဆွဲပါ။ ထို့နောက် သင်အသုံးပြုလိုသော app ကို ဆွဲထုတ်လိုက်ပါ။
Remarks:
1. 6.5 inches is the diagonal length of the display when the four rounded corners are taken to be pointed corners (i.e. actual size is marginally smaller).
2. Performance data is tested internally at OPPO . Comparing eMMC performance, actual performance in different scenarios and environments may differ from the data.
3. 5000mAh is the typical value of battery capacity. The minimum capacity is 4880mAh.
4. Product pictures are for reference only. Please refer to the actual product for actual specifications. Certain product specifications and descriptions may change due to reasons like changes in suppliers. The data in the page came from OPPO designed technical parameters, and test data from the laboratories and from suppliers. In actual circumstances, the data will differ slightly, depending on the test software version, specific testing environment, and specific version.