![](http://image.oppo.com/content/dam/oppo/product-asset-library/a/a93/v2/kv-1920.jpg)
OPPO F17 Pro
ပေါ့ပါးကျစ်လစ် ခံစားမှုအသစ်
အလွန်ခေတ်မီလှပသည့် ဒီဇိုင်း ပြေပြစ်၊ ညက်ညော၊ လုံးဝန်းခြင်းကို ခံစားသိရှိခြင်း
OPPO ၏ ခေတ်ရှေ့ပြေးသော ဒီဇိုင်းနည်းပညာက OPPO စီးရီးများအတွင်း အပါးလွှာဆုံး ဖြစ်မည့် F စီးရီးကို ယူဆောင်လာခဲ့ပါပြီ။ ပေါ့ပါးချောမွတ်သည့် ထောင့်ခုံးအထိအတွေ့က လက်မလွတ်စတမ်း ဆုပ်ကိုင်ထားချင်လောက်အောင် ဆွဲဆောင်ထားနိုင်ပါလိမ့်မည်။
-
7.48 mm
အလွန်ပါးလွှာခြင်း -
164 g
အလွန်ပေါ့ပါးခြင်း -
220°
ချောမွတ်သော ထောင့်ခုံးအစွန်း -
20:9
ရှုထောင့်အချိုး
![](http://image.oppo.com/content/dam/oppo/product-asset-library/a/a93/v2/sec-1-img.jpg)
Mini Dual Punch-Holes, မပြောင်းရွေ့သော အကျယ်ဆုံး မျက်နှာပြင်အနေအထား
OPPO ဒီဇိုင်းပညာရှင်များမှ ရှေ့ကင်မရာဘေးပတ်လည် အဖျားစွန်းတစ်ဝိုက်အား မီလီမီတာအဆင့် အသေးစိတ်တွက်ချက်ပေးထားပြီး ပုံရိပ်ကြည်လင်ပြတ်သားမှုမြင့်မားသည့် FHD+ 2400 x 1080 ပစ်ဇယ် ပေါ်တွင် နေရာဆံ့နိုင်သမျှဆံ့အောင် ပုံဖော်ပေးထားပါသည်။
![](http://image.oppo.com/content/dam/oppo/product-asset-library/a/a93/v2/sec-2-img-0.png)
![](http://image.oppo.com/content/dam/oppo/product-asset-library/a/a93/v2/sec-2-img-1.png)
-
3.7 mm
Mini Punch-Hole အချင်း -
6.43"
Super AMOLED Screen -
90.7 %
မျက်နှာပြင် အချိုး -
0.3 s¹
In-Display Fingerprint 3.0
ရွှန်းစိုသော အမှုန်ဒီဇိုင်းအရောင် အဆင့်မြင့် အကြမ်းခံလက်ဗွေစနစ်
ရွှန်းစိုသော အမှုန်ဒီဇိုင်းအရောင် ၊ အမဲရောင် အသစ် ၊ နူးညံ့သော အထိအတွေ့၊ စွဲမက်ဖွယ် အဆင်း မြင်ကွင်းအသစ်ဖြစ်စေမည့် အမှုန်ဒီဇိုင်းကို သင်တွေ့ကြုံခံစားကြည်ု့လိုက်ပါ။
![](http://image.oppo.com/content/dam/oppo/product-asset-library/a/a93/v2/sec-3-img-0.png)
![](http://image.oppo.com/content/dam/oppo/product-asset-library/a/a93/v2/sec-3-img-1.png)
6 AI Portrait Cameras, စတူဒီယိုတွင် ရိုက်ကူးသည့်အလား လှပနေမည့် ဓါတ်ပုံနည်းပညာ
OPPO F စီးရီးတွင် ပထမဆုံးပါဝင်လာမည့် ကင်မရာ ၆ လုံးဖြင့် သင့်အလှဓါတ်ပုံများကို အဆင့်မြင့်တင်လိုက်ပါ။ Selfie ရိုက်ခြင်း၊ အလှဓါတ်ပုံရိုက်ကူးခြင်း တို့နှင့် သက်ဆိုင်သည့် လုပ်ဆောင်ချက်များကို အကောင်းဆုံး ဖော်ထုတ်ထားသောကြောင့် ယခင်ထက် ပိုမိုကြွရွသော ဓါတ်ပုံများကို ရရှိနိုင်မည်ဖြစ်ပါသည်။
![](http://image.oppo.com/content/dam/oppo/product-asset-library/a/a93/v2/sec-4-img-0.jpg)
![](http://image.oppo.com/content/dam/oppo/product-asset-library/a/a93/v2/sec-4-img-1.jpg)
AI Super Night Portrait
မျက်နှာအား မှတ်သားပေးနိုင်သည့် HDR နှင့် အလင်းစူးခြင်းအား လျော့ချပေးနိုင်သည့် နည်းပညာများဖြင့် ည Selfie ဓါတ်ပုံများအား ပိုမိုရှင်းလင်းပြတ်သားစေမည်ဖြစ်ပါသည်။
![](http://image.oppo.com/content/dam/oppo/product-asset-library/a/a93/v2/sec-4-img-2.jpg)
AI Night Flare Portrait
အလင်းလျှော့၍ အလှဓါတ်ပုံရိုက်ကူးခြင်းကို ဖွင့်ပေးထားရုံဖြင့် ဝေဝါးသော မြို့ပြ၏ အလင်းရောင်များကြား အပြောင်မြောက်ဆုံးသော ညခဓါတ်ပုံများကို ရရှိနိုင်မည်ဖြစ်ပါသည် ။
![](http://image.oppo.com/content/dam/oppo/product-asset-library/a/a93/v2/sec-4-img-3.jpg)
AI Color Portrait
သင့်အလှဓါတ်ပုံကို အရောင်အသွေး စုံလင်လှပအောင် ပံ့ပိုးပေးပြီး နောက်ခံ အရောင်များအား မှိန်ပေးကာ စတိုင်ကျကျ ဘောင်ကွပ်ပေးခြင်းဖြင့် တမူထူးခြားသော အလှဓါတ်ပုံများကို ရရှိစေမည်ဖြစ်ပါသည်။
![](http://image.oppo.com/content/dam/oppo/product-asset-library/a/a93/v2/sec-4-img-4.jpg)
Dual Lens Bokeh
Hadware အဆင့် ရှေ့ကြည်နောက်ဝါး လုပ်ဆောင်ချက်ကို လုပ်ဆောင်နိုင်ပြီး လူများစွာပါဝင်သော ဗီဒီယိုအား ထောက်ပံ့ပေးနိုင်ပါသည်။
![](http://image.oppo.com/content/dam/oppo/product-asset-library/a/a93/v2/sec-4-img-5.jpg)
AI Super Clear Portrait
အလင်းရောင် မှိန်သည့်နေရာမှာပင် ရှင်းလင်းပြတ်သား လှပသော အလှရိုက် ဓါတ်ပုံများ ရရှိနိုင်စေရန် AI နည်းပညာ အသုံးပြု၍ မျက်နှာပြင်ရှိ အစိတ်အပိုင်းများအား ပြန်လည်ပြင်ဆင်ဖြည့်စွက်ပေးနိုင်ပါသည်။
![](http://image.oppo.com/content/dam/oppo/product-asset-library/a/a93/v2/sec-4-img-6.jpg)
AI Beautification 2.0
အရှေ့တောင်အာရှ၏ အလှအပဆိုင်ရာ စံညွှန်းအတိုင်း စိတ်တိုင်းကျ ပုံဖော်ပေးနိုင်ပါသည်။
![](http://image.oppo.com/content/dam/oppo/product-asset-library/a/a93/v2/sec-4-img-7.jpg)
Ultra Clear 108MP³ Image
သင့်ဖုန်းနှင့်ပင် 108MP ရှိ ပညာရှင်အဆင့်ပုံရိပ်များကို ရိုက်ကူးနိုင်ပါသည်။
Ultra Steady Video, အဆင်ပြေချောမွေ့စွာ ဘလော့တင်ခြင်းကို ပြုလုပ်နိုင်ခြင်း
ရှေ့ကင်မရာဖြင့် တည်ငြိမ်သည့် ဗီဒီယိုများကို ရိုက်ကူးနိုင်ရုံမျှမက နောက်ကင်မရာဖြင့်လည်း အထူးတည်ငြိမ်သည့် ဗီဒီယိုများကို ရိုက်ကူးနိုင်ပါသည်။ Selfie ဓါတ်ပုံများမှစ၍ မြင်ကွင်းဓါတ်ပုံများအထိ သင့်စိတ်တိုင်းကျ ဘလော့တင်နိုင်စေရန် ချောမွေ့ပြေပြစ်ကောင်းမွန်သော ဗီဒီယိုများကို ရိုက်ကူးပေးနိုင်ပါသည်။
- 4K Video
- Slow-Motion Video
- Bokeh Video
30W VOOC Flash Charge 4.0, ၅ မိနစ်အားသွင်း ၄ နာရီဖုန်းပြော
OPPO ၏ ပိုင်ဆိုင်မှုများအနက်မှတစ်ခုဖြစ်သည့် VOOC အားအမြန်သွင်းစနစ်သည် ပုံမှန်ရှေးရိုးအမြန်အားသွင်းစနစ်များကို ကျော်လွန်၍ အချိန်တိုအတွင်းမှာပင် အလျှင်အမြန်အားပြည့်အောင် ဆောင်ရွက်နိုင်စွမ်းရှိပါသည်။ ထို့ကြောင့် ကြီးမားသော ဘက်ထရီဖြစ်သည့် 4000mAh ထက်ပိုမိုသော စွမ်းဆောင်ရည်ကို ရရှိမည်ဖြစ်သည်။
-
53 မိနစ်
အားအပြည့်သွင်းခြင်း -
10 နာရီ
တစ်နေကုန်ခံသည့် ဘက်ထရီ
၅ မိနစ်အားသွင်း
၄ နာရီဖုန်းပြော
1.9 နာရီ Instagram သုံးနိုင်ခြင်း
1.7 နာရီ YouTube သုံးနိုင်ခြင်း
![](http://image.oppo.com/content/dam/oppo/product-asset-library/a/a93/v2/sec-6-img-0.png)
![](http://image.oppo.com/content/dam/oppo/product-asset-library/a/a93/v2/sec-6-img-0-type-c.png)
![](http://image.oppo.com/content/dam/oppo/product-asset-library/a/a93/v2/sec-6-img-0-btm.png)
![](http://image.oppo.com/content/dam/oppo/product-asset-library/a/a93/v2/sec-6-img-0-type-c-mask.png)
AI နည်းပညာသုံး ညဘက်ဖုန်းအားသွင်းခြင်း
သင့်ဖုန်းကို ညလုံးပေါက်အားဖြည့်သွင်းရာတွင် AI မှ သတ်မှတ်ပေးသော မနက်နိုးထချိန်တွင်မှ ဘက်ထရီကို ၁၀၀% အားပြည့်အောင် ချိန်ညှိဒီဇိုင်းထွင်ပေးထားပါသည်။
![](http://image.oppo.com/content/dam/oppo/product-asset-library/a/a93/v2/sec-6-img-1.jpg)
Super Power Saving Mode
Apps 6 ခုဖြင့် စစ်စီဝေဖန်၍ ဘက်ထရီကုန်ခြင်း သက်သာအောင်ပြုလုပ်သော နည်းစနစ်ကို မိတ်ဆက်ပေးထားပါသည်။
5% အားပမာဏသာကျန်ရှိခြင်း
70 မိနစ် ဖုန်းခေါ်ဆိုနိုင်ခြင်း
49 မိနစ် စာတိုပို့နိုင်ခြင်း
35 မိနစ် Grab သုံးနိုင်ခြင်း
30 မိနစ် Google Map အသုံးပြုနိုင်ခြင်း
![](http://image.oppo.com/content/dam/oppo/product-asset-library/a/a93/v2/sec-6-img-2.png)
MediaTek Helio P95 with 8GB+128GB, အဆင့်မြှင့်ထားသော ချပ်စ် ၊ ပိုမိုမြန်သော လုပ်ဆောင်မှု
ပိုမိုကောင်းမွန်သော ဂိမ်းကစားခြင်းများအတွက် MediaTek HyperEngine
အထူးထုတ်လုပ်ထားသော ဟိုက်ပါအင်ဂျင်နည်းပညာသည် ဉာဏ်ရည်ကွန်ယက်စနစ်ကို အထောက်အပံ့ပေးနိုင်သည့်အတွက် ဖုန်းအား ထိတို့စေခိုင်းခြင်းကို အမြန်အဆန် လုပ်ဆောင်နိုင်ရန်နှင့် တောက်ပရွန်းစိုသော အရောင်အသွေးအမြင်ကို ရရှိစေနိုင်ရန် ပံ့ပိုးပေးနိုင်ပြီး အထူးအားဖြင့် အလွန်လေးသည့် ဂိမ်းများကစားချိန်တွင်ပင် လျှင်မြန်ချောမွေ့သော လုပ်ဆောင်ချက်ကို လုပ်ဆောင်နိုင်ပါသည်။
-
8 Cores
CPU -
2.2 Ghz
အမြင့်ဆုံး CPU ကြိမ်နှုန်း -
UFS 2.1
သိမ်းဆည်းနိုင်မှု
![](http://image.oppo.com/content/dam/oppo/product-asset-library/a/a93/v2/sec-7-img.jpg)
![](http://image.oppo.com/content/dam/oppo/product-asset-library/a/a93/v2/sec-8-img-0.jpg)
ColorOS 7.2, ချောမွေ့ပြေပြစ်မှုနှင့် အံ့သြဖွယ်ကောင်းခြင်း
ပေါ့ပါးလှပ ရင်သက်ရှုမောဖွယ်ကောင်းအောင် ဒီဇိုင်းပုံဖော်ထားပြီး အလိုလိုသိမြင် တွက်ဆပေးနိုင်သော လုပ်ငန်းထိတွေ့လုပ်ဆောင်မှု အစိတ်အပိုင်း interface များပါဝင်ကာ စိတ်တိုင်းကျ ပြင်ဆင်ချိန်ညှိနိုင်ပါသည်။
ColorOS 7.2 အကြောင်း အသေးစိတ်လေ့လာမည်![](http://image.oppo.com/content/dam/oppo/product-asset-library/a/a93/v2/sec-8-img-1.jpg)
လက်ဂ် မဖြစ်အောင် ကာကွယ်ထိန်းညှိပေးထားခြင်း ပိုမိုချောမွေ့မြန်ဆန်သော လုပ်ဆောင်မှုများ
မမ်မိုရီကြောင့် ဖြစ်နိုင်သော အမှားများကို ထောက်လှမ်းဖယ်ရှားပေးနိုင်ပြီး ထိုအမှားများ တုံ့ဆိုင်းသွားအောင် သို့မဟုတ် ငြိမ်သက်လျော့နည်းသွားအောင် လုပ်ဆောင်နိုင်ပါသည်။
-
-22 %
လက်ဂ်ဖြစ်ခြင်း ယေဘုယျအချက် -
-54 %
Memory Defragmentation -
+28 %
အလိုအလျောက် ဒေတာဘေ့စ်များအား ချိန်ညှိပေးခြင်း
Air Gestures, ဖုန်းဖြေဆိုနိုင်ခြင်း
ဖုန်းဖြေဆိုရန်အတွက် ဖုန်းမျက်နှာပြင်ကို ထိရန်မလိုဘဲ လေဖြင့်လှုပ်ရှားမှု ပြုလုပ်စေခိုင်း၍ ဖုန်းနှင့်အကွာအဝေး ၂၀ - ၅၀ စင်တီမီတာ အတွင်းတွင် ဖုန်းပြန်လည်ဖြေကြားနိုင်ပါသည်။ ဖုန်းကို အပေါ်သို့မြှင့်တင် လိုက်ရုံဖြင့် ထိုလုပ်ဆောင်ချက်ကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။
![](http://image.oppo.com/content/dam/oppo/product-asset-library/a/a93/v2/sec-8-img-2.jpg)
မှတ်ချက်
- 1. ပြသထားသည့် လက်ဗွေစနစ်ဖြင့် လျှင်မြန်စွာ ဖုန်းလော့ခ်ဖွင့်ခြင်း စမ်းသပ်ချက်ကို OPPO မှ ရုံးတွင်းစစ်ဆေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မျက်နှာပြင်ကို အမှောင်ထားစမ်းသပ်ခြင်းဖြစ်ပြီး လက်ဗွေဖတ်သည့်နေရာမှ မီးလင်းမည်ဖြစ်သည်။
- 2. 48MP ပင်မကင်မရာသည် 12MP ပုံရိပ်ထွက်အောင် ပုံသေပြုလုပ်ထားခြင်းဖြစ်သည်။ 48MP ရရှိနိုင်အောင် setting တွင် သွားရောက် ချိန်ညှိပေးရမည်ဖြစ်သည်။
- 3. Ultra Clear Mode ရရှိအောင် ဆော့ဝဲလ်ဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး အမြင့်ဆုံး ပစ်ဇယ်မှာ 108MP ဖြစ်သည်။
- 4. 30W VOOC Flash Charge 4.0 ကို OPPO စမ်းသပ်ခန်းအတွင်း အဆက်မပြတ် အသုံးပြုသော အခြေအနေတွင် စမ်းသပ်ထားခြင်ဖြစ်သည်။ အမှန်တကယ် အားသွင်းနိုင်သည့် အချိန်သည် လက်တွေ့အခြေအနေပေါ်မူတည်၍ ကွဲပြားမှုရှိနိုင်ပါသည်။
- 5. ဘက်ထရီတန်ဖိုးသည် သာမာန်အားဖြင့် 4015mAh ဖြစ်ပြီး အမြင့်ဆုံး တန်ဖိုးမှာ 3920mAh ဖြစ်သည်။
- 6. Super Power Saving Mode ၏ အသင့် standby ရှိနိုင်သော အချိန်သည် သတ်မှတ်ရွေးချယ်ထားသော အက်ပလီကေးရှင်း ၆ ခုကို လှုံ့ဆော်ပေးပြီး Super Power Saving Mode ကို ဖွင့်ပေးနိုင်ပါသည်။ အခြားမရွေးချယ်ထားသော အက်ပလီကေးရှင်း (သို့မဟုတ်/ နှင့်) Super Power Saving Mode ဖွင့်ထားသော အက်ပလီကေးရှင်းများအတွက် အက်ပလီကေးရှင်းတစ်ခုခြင်းစီ၏ standby time ကို ခန့်မှန်းအဖြစ်သာ ယူဆရမည်။
- 7. လက်ဂ်ဖြစ်သည့် ယေဘုယျအခြေအနေကို တွက်ချက်ရာတွင် မျိုးဆက်၏ နောက်ဆုံးစီးရီးတစ်ခုဖြစ်သော F15 ဖြင့် နှိုင်းယှဉ်ဖော်ပြခြင်းဖြစ်သည်။ မမ်မိုရီကို Defragmentation ပြုလုပ်ခြင်း၊ ဒေတာဘေ့စ်ကို အလိုအလျောက်ချိန်ညှိခြင်း စသည်ကို တွက်ချက်ရာတွင် မည်သည့်လုပ်ဆောင်ချက်မျှ မရှိသောအခြေအနေ၌ စမ်းသပ်ခန်းအတွင်း စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
- 8. ကုန်ပစ္စည်းဓါတ်ပုံများသည် ကိုးကားရန်အတွက်သာ ဖြစ်ပါသည်။ ကုန်ပစ္စည်း၏ သတ်မှတ်ချက်နှင့် အသေးစိတ်ဖော်ပြချက်များသည် အကြောင်းရင်းတချို့ပေါ်မူတည်ပြီး အနည်းငယ်ပြောင်းလဲမှုရှိနိုင်ပါသည်။ ကုန်ပစ္စည်းအမှန်တကယ် ထွက်ရှိချိန်မှသာ ကိုးကားမှုပြုပါရန်။
- 9. အချို့ထုတ်ကုန်များ၏ အသေးစိတ်ဖော်ပြချက်များသည် တင်သွင်းသူအပြောင်းအလဲကြောင့် အနည်းငယ် ပြောင်းလဲမှုများရှိနိုင်ပါသည်။
- 10. OPPO မှ ဒီဇိုင်းပြုလုပ်သည့် နည်းပညာပိုင်းဆိုင်ရာတိုင်းတာမှုများနှင့် စစ်ဆေးသည့် အချက်အလက်များ စသည့် အချက်အလက်အားလုံးသည် စမ်းသပ်ခန်း သို့မဟုတ် ကုန်ပစ္စည်းတင်သွင်းသူထံမှ ပေးပို့ထားခြင်းဖြစ်သည်။ လက်တွေ့အခြေအနေပေါ်မူတည်၍ ထိုအချက်အလက်များသည် ဆော့ဝဲလ်ဗားရှင်း၊ စမ်းသပ်သည့် အခြေအနေနှင့် ကုန်ပစ္စည်း၏ ဗားရှင်းပေါ်မူတည်၍ အနည်းငယ်ပြောင်းလဲနိုင်မှုရှိပါသည်။