Flash Charge 4.0¹
OPPO F19 Pro
Flash Charge 4.0¹
Portrait Video
AI Color Portrait Videoဗီဒီယိုများအား လှပစိုပြေအောင် ရိုက်ကူးခြင်း
ဗီဒီယိုရိုက်ကူးရာတွင် AI စနစ်သုံးဆော့ဖ်ဝဲကို အသုံးပြု၍ နောက်ခံအား အဖြူအမဲ ဖြစ်အောင် ပြောင်းလဲပေးကာ ဗီဒီယိုရိုက်ကူးသူ၏ ပုံရိပ်အား အရောင်တောက်ပစိုပြေအောင် ဖြည့်ပေးခြင်းဖြင့် ပုံရိပ်အား ပိုမိုထင်ရှားပေါ်လွင်စေပါသည်။
Dual-View Videoပုံရိပ်များအား ရှုထောင့် ၂ ဘက်စလုံးမှ တပြိုင်နက် ရိုက်ကူးခြင်း
ရှေ့ကင်မရာနှင့် နောက်ကင်မရာအား တပြိုင်နက်ရိုက်ကူးကာ ဖုန်းမျက်နှာပြင်ပေါ်တွင် ခွဲ၍ တပြိုင်နက်ပြသပေးခြင်း
ရှေ့ကြည့်နောက်ဝါး အလျင်အမြန်လုပ်ဆောင်နိုင်ခြင်းTap တစ်ချက်တည်းဖြင့် လှပသော အလှဗီဒီယိုများ ရိုက်ကူးခြင်း
ရိုက်ကူးလိုသော အဓိကအရာကို ပေါ်လွင်ထင်ရှားစေရန် နောက်ခံကိုဝါးပေးရာတွင် ဆန်းသစ်တောက်ပသောပုံစံဖြစ်အောင် လုပ်ဆောင်ပေးပါသည်။
Night Plusမြို့ပြရဲ့ညချမ်းအလှကို ဆန်းပြားလှပစွာ ဖမ်းယူရိုက်ကူးပေးနိုင်ခြင်း
ညချမ်းအချိန်အခါ၏ မြို့ပြအလှကို မှတ်တမ်းတင်နိုင်ရန် မတူညီသော mode သုံးမျိုးဖြင့် ရိုက်ကူးနိုင်ခြင်း။ ရှင်းလင်းစုံလင်အောင်ရိုက်ကူးခြင်း (Cosmopolitan)၊ မီးအလင်းရောင်များကို ကြွအောင်ရိုက်ကူးခြင်း (Astral)၊ အရောင်များကို တောက်ပစိုပြေအောင်ရိုက်ကူးခြင်း (Dazzle)။
ရိုးရှင်းပြည့်စုံသည့် ဒီဇိုင်း နည်းနည်းနှင့် ပြည့်ပြည့်စုံစုံ
ချောမွေ့ပြီး ကွဲပြားခြားနားသည့် ဒီဇိုင်းရရှိအောင် ရိုးရှင်းသော အရောင်များကို အသုံးပြု၍ အစိတ်အပိုင်းတစ်ခုပေါ်တွင် ကင်မရာ ၄ ခုကို အဆင်ပြေအောင် ထည့်သွင်းထုတ်လုပ်ထားပါသည်။
Super AMOLED
Punch-Hole Displayမြင်ကွင်းအပြည့်ဖြင့် ဗီဒီယိုကြည့်ရှုနိုင်ခြင်း
HD ဗီဒီယိုများကို ကောင်းမွန်စွာကြည့်ရှုနိုင်အောင် ပိုမိုကျယ်ပြန့်သော မျက်နှာပြင်နှင့် ဖုန်းကိုယ်ထည်အချိုး 90.8% ရှိသော³ Super AMOLED မျက်နှာပြင်ကို အသုံးပြုထားပြီး In-Display Fingerprint မှာ 3.0 ဖြစ်ပါသည်။⁴
စနစ်၏ လုပ်ဆောင်ချက်များအား
ကောင်းမွန်အောင်ချိန်ညှိခြင်းဖုန်းနှေးကွေးခြင်းကို လျော့ချပေးခြင်း၊
အချိန်ကြာမြင့်စွာ ဖုန်းအသုံးပြုနိုင်ခြင်း
SPO ၏ အကူအညီဖြင့် အချိန်ကြာမြင့်စွာ ဖုန်းအသုံးပြုခြင်းကြောင့် ဖုန်းနှေးကွေးခြင်းကို လျှော့ချပေးနိုင်ပါသည်။
မှတ်ချက်
1. OPPO 30W VOOC Flash Charge 4.0 ၏ အားသွင်းမှုရလဒ်များကို OPPO ၏ စမ်းသပ်ခန်းတွင် သတ်မှတ်ထားသည့် စံနှုန်းအတိုင်း စမ်းသပ်ထားခြင်းဖြစ်သည်။ အမှန်တကယ်အားသွင်းနိုင်သော အချိန်မှာ အသုံးပြုသည့်အခြေအနေပေါ်မူတည်၍ အနည်းငယ်ကွဲပြားမှုရှိနိုင်ပါသည်။
2. စက်ပစ္စည်းတွင်ပါဝင်သော ဖွဲ့စည်းပုံနှင့် တိုင်းတာသည့်နည်းစနစ် အနည်းငယ်ကွဲပြားမှုကြောင့် ကုန်ပစ္စည်းသတ်မှတ်ချက်နှင့် စက်ပစ္စည်း၏ အထူမှာ ±0.2mm ခန့်၊ အလေးချိန်မှာ ±3g ခန့် ကွဲပြားမှုရှိနိုင်ပါသည်။
3. မျက်နှာပြင်အရွယ်အစားကို စင်တီမီတာဖြင့် ဒေါင့်ဖြတ်အနေအထား တိုင်းတာခြင်းဖြစ်သည်။ ကုန်ပစ္စည်း၏ မျက်နှာပြင်အရွယ်အစားသည် ထောင့်မှန်စတုဂံအပြည့်တိုင်းတာပါက 16.34cm ဖြစ်ပြီး မျက်နှာပြင်နှင့်ကိုယ်ထည်၏အချိုးမှာ 90.8% (အမှန်တကယ်လုပ်ငန်းလုပ်ဆောင်သောဧရိယာ) ဖြစ်သည်။ ဘေးဒေါင့်ဝိုင်းနှင့် ကင်မရာအပေါက်ကြောင့် အမှန်တကယ် တွေ့မြင်နိုင်သော ဧရိယာသည် အနည်းငယ်လျော့နည်းနိုင်ပါသည်။
4. ပြသထည့်သွင်းထားသော လက်ဗွေဖုန်းစနစ်၏အမြန်နှုန်းကို OPPO တွင် စမ်းသပ်ထားခြင်းဖြစ်သည်။ မျက်နှာပြင်အရောင်မှိန်၍ လက်ဗွေဖတ် စကင်နာ လင်းနေချိန်တွင် စမ်းသပ်ထားခြင်းဖြစ်သည်။
5. ညအချိန်တွင် ပါဝါစားခြင်းမှ သက်သာစေသော Super Nighttime Standby Mode အလုပ်လုပ်ရန် လှုံ့ဆော်ပေးပါသည်။ 23:00 PM မှ 7:00 AM အထိ ထို mode ကိုဖွင့်ထားပါက အချိန် ၈ နာရီအတွက် 1.78% သာ စွမ်းအင်သုံးစွဲမည်ဖြစ်သည်။
6. ဂိမ်းကစားရာတွင် ထားရှိရမည့် F19 Pro ၏ Game Focus Mode နှင့် စာတမ်းထိုး၍ သတိပေးစာတိုပြသပေးခြင်းလုပ်ငန်းများသည် WhatsApp, Telegram, Line, Message, Text စသည့် app ကို ထောက်ပံ့ပေးနိုင်ပါသည်။
7. ထိတွေ့စေခိုင်းခြင်းကို တုန့်ပြန်နိုင်စွမ်းနှင့် App ဖွင့်လှစ်အသုံးပြုခြင်းဆိုင်ရာ အချက်အလက်များကို F17 Pro ကို အခြေခံထားနှိုင်းယှဉ်၍ OPPO လက်တွေ့စမ်းသပ်ခန်းအတွင်း စမ်းသပ်ခြင်းဖြစ်သည်။
8. Pixel များအား ပူးပေါင်းသည့်နည်းပညာ (Pixel ၄ ခုကို တစ်ခုတည်းဖြစ်အောင် ပေါင်းပေးခြင်း) ကို အသုံးပြုထားပါသည်။ ထို့ကြောင့် 48MP ရှိသည့် ပင်မကင်မရာမှ 12MP ဓါတ်ပုံကို ရရှိသော်လည်း အရည်အသွေးပိုမိုကောင်းမွန်မှုရှိပါသည်။ ထိုလုပ်ဆောင်ချက်အား အသုံးပြုသူကိုယ်တိုင် ပိတ်နိုင်ပြီး ထိုသို့ပိတ်ထားခြင်းဖြင့် ကင်မရာမှ 48MP ကို ရရှိမည်ဖြစ်သည်။
9. ဘက်ထရီ၏ ယေဘုယျ ပမာဏမှာ 4310mAh ဖြစ်ပြီး အနိမ့်ဆုံးပမာဏမှာ 4220mAh ဖြစ်သည်။
10. ကုန်ပစ္စည်းတင်သွင်းသူ အပြောင်းအလဲရှိနိုင်ပါသဖြင့် အချို့ကုန်ပစ္စည်းများ၏ သတ်မှတ်ချက်နှင့် ဖော်ပြချက်များသည် အနည်းငယ် အပြောင်းအလဲရှိနိုင်ပါသည်။
11. အချက်အလက်များကို OPPO နည်းပညာဒီဇိုင်းတိုင်းတာချက်များအပြင် စမ်းသပ်ခန်းနှင့် ကုန်ပစ္စည်းတင်သွင်းသူများထံမှရရှိသော အချက်အလက်များကို ရယူထားခြင်းဖြစ်သည်။ အမှန်တကယ် အခြေအနေနှင့် အချက်အလက်များသည် စမ်းသပ်သည့် ဆော့ဖ်ဝဲဗားရှင်း၊ စမ်းသပ်သည့် ပါတ်ဝန်းကျင်အခြေအနေနှင့် ကုန်ပစ္စည်း၏ ဗားရှင်းအပေါ်မူတည်၍ အနည်းငယ် ကွဲပြားခြားနားမှုရှိနိုင်ပါသည်။
12. ဖုန်းကျောဘက်ကင်မရာတွင် 16MP ရှိပင်မမှန်ဘီလူး၊ 8MPရှိ ထောင့်ကျယ်မှန်ဘီလူး ၊ 2MPရှိ မိုနိုမှန်ဘီလူးနှင့် 2MP မိုက်ခရိုမှန်ဘီလူးတို့ ပါဝင်ပါသည်။ ထောင့်ကျယ်အနေအထားဖြင့် ရိုက်ကူးသော 119° ultra wide-angle mode တွင် မြင်ကွင်းကျယ်ရိုက်ကူးခြင်းကြောင့် ဖြစ်ပေါ်သော ရုပ်ထွက်မမှန်ခြင်းအား ပြန်ပြင်ပေးပြီး မြင်ရသော မြင်ကွင်းအကျယ်မှာ 107–109° ဖြစ်သည်။