* ဒီလုပ်ဆောင်ချက်ကို Bluetooth နားကြပ်များနဲ့ အသုံးမပြုနိုင်ပါ။
* ဒီလုပ်ဆောင်ချက်ဟာ အမျိုးမျိုးသော ဆော့ဖ်ဝဲဗားရှင်းတွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မတူညီသော ဆော့ဖ်ဝဲလ်ဗားရှင်းများကို ဖြန့်ချိတဲ့ အချိန်နဲ့ နေရာ (ဒေသ) အရ ကွဲပြားနိုင်ပါတယ်။ လက်ရှိဗားရှင်းရဲ့ လုပ်ဆောင်ချက်နဲ့ စာမျက်နှာတွေကို ကိုးကားပါ။ အတားအဆီး မရှိတဲ့ နေရာတွေမှာ အများဆုံး ဆက်သွယ်မှုပြုလုပ်နိုင်တဲ့ အကွာအဝေးက 200 မီတာခန့် ဖြစ်ပေမယ့် အမှန်တကယ် ဆက်သွယ်မှုပြုလုပ်နိုင်တဲ့ အကွာအဝေးက သီးခြား အခြေအနေအပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။
အဆင့်မြင့်နည်းပညာများနဲ့ ပေါင်းစပ်ထားတဲ့ ဒီဇိုင်း
စိတ်လှုပ်ရှားဖွယ်ရာကောင်းပြီး ချောမွေ့တဲ့ 3D ဒီဇိုင်း
မကြုံစဖူး ထူးကဲလှပတဲ့ 3D ဒီဇိုင်းကြောင့် အေးချမ်းတဲ့ ပင်လယ်ရေလှိုင်းလေးတွေ လှုပ်ခတ်သွားသလို ခံစားရရှိစေမှာ ဖြစ်ပါတယ်။ လုံးဝချောမွေ့တဲ့ အထိအတွေ့ကြောင့် တမူထူးခြားပြီး လှပတဲ့ ဆွဲဆောင်မှုမျိုးကို ပေးစွမ်းစေမှာ ဖြစ်ပါတယ်။
Slim and Zero-Pressure Comfort Design
အံ့သြလောက်စရာကောင်းတဲ့ ပေါ့ပါးမှု
သပ်ရပ်လှပတဲ့ ergonomics and zero-pressure comfort design ဟာ OPPO ရဲ့ Human Factors Lab မှာ ဒါဇင်ပေါင်းများစွာသော စမ်းသပ်မှုတွေရဲ့ ရလဒ် ဖြစ်ပါတယ်။ သင့်လက်ထဲ ကိုင်ဆောင်ထားတဲ့အခါ အံဝင်ခွင်ကျ ရှိစေသလို ပါးလွှာပေါ့ပါးတဲ့ ကိုယ်ထည်ကြောင့်လည်း လက်ထဲ၊ အိတ်ကပ်ထဲနဲ့ လွယ်အိတ်ထဲမှာ ရှိနေတယ်လို့ မထင်ရလောက်တဲ့ ခံစားမှုမျိုး ပေးစွမ်းနိုင်ပါတယ်။
အလေးချိန်
177g ခန့်2
အထူ
7.57mm ခန့်2
တီထွင်ဆန်းသစ်ပြီး တောက်ပြောင်တဲ့ သတ္တုငွေရောင်ဟာ အာကာသခေတ်ကို အမှတ်ရစေမှာ ဖြစ်ပါတယ်။ သဘာဝအတိုင်း လိုက်ဖက်ပြီး ခေတ်မီဆန်းပြားတဲ့ ဖက်ရှင်ကြောင့် သင့်ကို ထူးခြားပေါ်လွင်စေမှာ အသေအချာပါပဲ။
ချောကလက်ညိုအရောင်လို ကြော့ရှင်းလှပတဲ့ matte finish က သိမ်မွေ့ပြီးခေတ်မီဆန်းပြားတဲ့ ခံစားမှုမျိုးကို ပေးစွမ်းစေမှာ ဖြစ်ပါတယ်။
Astro Silver
Matte Brown
3D 120Hz Curved Screen
လှပသော အရောင်ဘီလီယံပေါင်းများစွာ
ဘီလီယံပေါင်းများစွာသော အရောင်များနဲ့ ပြည့်နှက်နေပြီး အလွန်တောက်ပတဲ့ ဘေးဘောင်မဲ့လုနီးပါး မျက်နှာပြင်နဲ့အတူ သင့်ရဲ့အတွေ့အကြုံကို ပြောင်းလဲလိုက်ပါ။ မြင့်မားတဲ့ FHD+ ရုပ်ထွက်၊ 120Hz refresh rate နဲ့ မျက်လုံးကို စောင့်ရှောက်ပေးမယ့်စနစ်တို့က သက်သောင့်သက်သာရှိတဲ့ ကြည့်ရှုမှု အတွေ့အကြုံကို ပေးစွမ်းမှာ ဖြစ်ပါတယ်။
120Hz
Ultra High Refresh Rate3
93.2%
Screen-To-Body Ratio
1.07 Billion
Colours
HDR10+
Certified
FHD+
Resolution
Splash Touch & Touch Optimisation
Eye Care
All-Round Armour
တာရှည်ခံအောင် တည်ဆောက်ထားခြင်း
ဖုန်းကို လွတ်ကျမှု၊ ထိခိုက်မှု၊ စွမ်းဆောင်ရည် ကျဆင်းမှု၊ ဖုန်ဒဏ်နဲ့ ရေစိုဒဏ် တို့ကို ခံနိုင်ရည်ရှိအောင် ဒီဇိုင်းထုတ် ဖန်တီးထားပါတယ်။ ဒါ့အပြင် နေ့စဥ်ဘဝရဲ့ စိန်ခေါ်မှုတွေကို ခံနိုင်ရည် ရှိစေရန်အတွက် ဖုန်းကို ကြာရှည်အသုံးပြုနိုင်စေ မှန်၊ သတ္တု နဲ့ shock ဖယ်ရှားမှုစနစ် စတဲ့ နည်းပညာအသစ်တွေကို အသုံးပြုထားပါတယ်။
All-Round Armour
Pressure Resistance4
Anti-Aging4
Splash-Proof4
High-Strength Corning® Gorilla® Glass 7i
ဖုန်း screen ပေါ်က ခြစ်ရာ၊ ပေါက်ရာနဲ့ အက်ကွဲရာတွေကြောင့် စိတ်ကုန်နေပါသလား။ ခိုင်ခံ့မှုနှုန်းမြင့်မားတဲ့ မှန်သားပြင်ကို အသုံးပြုထားတဲ့အတွက် ဒီလို စိတ်ပျက်စရာတွေကို ဖြစ်ပေါ်စေတော့မှာ မဟုတ်ပါဘူး။
High-Strength Alloy Framework
အထူးဖန်တီးထားတဲ့ သတ္တုစပ်များကြောင့် အာကာသယာဥ်အဆင့် ခိုင်ခံ့မှုကို ပေးစွမ်းနိုင်ပြီး ပြုတ်ကျမှုဒဏ်ကြောင့် ဖုန်းကွေးသွားတာ ချိုင့်သွားတာမျိုးကို ခံနိုင်ရည်ရှိစေမှာ ဖြစ်ပါတယ်။
Sponge Bionic Structure
ဖုန်းရဲ့ အတွင်းအစိတ်အပိုင်းတွေကို shock ဖယ်ရှားတဲ့စနစ်အပြင် ကူရှင်တွေနဲ့ အလုံပိတ်ကာကွယ်ထားတာကြောင့် ဖုန်းပြုတ်ကျမှုနဲ့ ထိခိုက်မှုများကနေ အကောင်းဆုံး ကာကွယ်ပေးမှာ ဖြစ်ပါတယ်။
The AI Portrait Expert
အလွန်ကြည်လင်ပြတ်သားသော ကင်မရာစနစ်
ရိုက်ချက်တိုင်းကို အံ့မခန်းဖြစ်စေခြင်း
Ultra-Wide-Angle
Camera
50MP
Main Camera with OIS
Macro Camera
32MP
Selfie Camera with AF
Live
Live
Live
4K Ultra-Clear Video
သင့် ကိုယ်ပိုင်လက်ရာကို ဖန်တီးလိုက်ပါ
ဖုန်းရဲ့ အရှေ့ဘက်နဲ့ ကျောဘက် ကင်မရာများနဲ့အတူ မယုံနိုင်လောက်စရာ သဘာဝကျတဲ့ 4K ဗီဒီယိုတွေကို ဖမ်းယူနိုင်ပြီး သင့်ရဲ့ရိုက်ချက်တိုင်းကို ပိုမိုနက်နဲသောအသေးစိတ်၊ ပိုမိုပြတ်သားမှုနဲ့ ပိုမိုလက်တွေ့ကျတဲ့ အရောင်ထွက်ရှိမှုတို့ကို ပေးစွမ်းစေမှာ ဖြစ်ပါတယ်။
Pro Portrait Mode
Pro Camera Flair ပါဝင်သော ဓာတ်ပုံများ
သင့်ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေရဲ့ အဓိက အကြောင်းအရာကို ရုပ်ရှင်များတွင် မြင်တွေ့ရတဲ့အတိုင်း လှပပြီး ပျော့ပျောင်းတဲ့ နောက်ခံမှုန်ဝါးမှုဖြင့် ထင်ရှားပေါ်လွင်စေမှာဖြစ်တာကြောင့် အသေးစိတ်တိုင်းနဲ့ အရောင်တိုင်းကို သဘာဝကျကျ ဆွဲဆောင်မှုရှိစေသလို အကြောင်းအရာကိုလည်း ရှင်းလင်းပြတ်သားနေစေမှာ ဖြစ်ပါတယ်။
Natural Tone
စစ်မှန်တဲ့ အလှတရားကို ကြည့်ရှုလိုက်ပါ
သင့် အသားအရေ မည်သို့ပင်ဖြစ်နေပါစေ ဒီဖုန်းက သင့်ရဲ့ သဘာဝကျပြီး စစ်မှန်တဲ့ အလှကို ဖမ်းယူကာ ပြီးပြည့်စုံစွာ ပုံဖော်ပေးမှာ ဖြစ်ပါတယ်။
MediaTek Dimensity 7300-Energy for Reno
မြင့်မားသော စွမ်းဆောင်ရည်၊ များပြားသော သိုလှောင်မှုပမာဏ
MediaTek နဲ့ OPPO တို့ ပူးပေါင်းဒီဇိုင်းထုတ်ထားတဲ့ 4nm လုပ်ငန်းစဉ် ပလပ်ဖောင်းဖြင့် အားသွင်းမှုတစ်ကြိမ်လုပ်တိုင်း နာရီပေါင်းများစွာ အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် 12GB RAM နဲ့ 256GB ROM အထိရရှိနိုင်တာကြောင့် စွမ်းဆောင်ရည်နဲ့ သိုလှောင်မှုအတွက် စိုးရိမ်စရာ မရှိပါ။
12GB RAM + 256GB ROM
30% ↓ အထိ5
CPU ရဲ့ စွမ်းအင်သုံးစွဲမှုနှုန်း
46% ↓ အထိ5
GPU ရဲ့ စွမ်းအင်သုံးစွဲမှုနှုန်း
30%↑5
စွမ်းအင်ကို ထိရောက်စွာ သုံးစွဲမှုနှုန်း
ဘက်ထရီနဲ့ပတ်သက်တဲ့ စိုးရိမ်စိတ်တွေကို ဖယ်ရှားလိုက်ပါ
2.07 ရက်6
Reno ရဲ့ အကောင်းဆုံး DoU
25 ရက်အကြာ6
အသင့်အနေအထား
1-100%
46 မိနစ်အတွင်း6
10 မိနစ် အားသွင်း
8.55 နာရီ ဖုန်းပြော6
10 မိနစ် အားသွင်း
6.16 နာရီ ဗီဒီယိုကြည့်6
4 နှစ်ကျော်ကြာ
တာရှည်ခံ ဘက်ထရီ7
Trinity Engine
ပျော်ရွှင်မှုကို အချိန်ကြာမြင့်စွာ ခံစားလိုက်ပါ
OPPO ရဲ့ မူပိုင် dynamic computing engine ဖြင့် မယုံနိုင်လောက်စရာ ဖုန်းစွမ်းဆောင်ရည်ကို ရရှိခံစားနိုင်မှာ ဖြစ်သလို ဘက်ထရီသက်တမ်း တာရှည်ခံမှုကိုလည်း သေချာစေမှာ ဖြစ်ပါတယ်။
80W SUPERVOOCTM Flash Charge8
& 5000mAh Large Battery9
အားသွင်းမြန်ဆန် တာရှည်ခံ
ကမ္ဘာကြီးကို ဂရုစိုက်စရာမလိုဘဲ တစ်နေ့တာအချိန်တွေကို ကုန်ဆုံးလိုက်ပါ။ အလွန်လျင်မြန်တဲ့ အားသွင်းစနစ်နဲ့အတူ ကြီးမားတဲ့ ဘက်ထရီကြောင့် လေးနှစ်ကြာတဲ့တိုင် ဖုန်းအသစ်တစ်လုံးလို ဆက်လက် အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။
ColorOS 14.1
Learn more
Holo Audio
ဂိမ်းဆော့နေစဥ် ဖုန်းပြောဆိုနိုင်သလို navigation app တွေ သုံးနေချိန်မှာလည်း သီချင်းနားထောင်နိုင်ပါတယ်။ Podcast တွေ နားထောင်နေစဥ်အတွင်း WhatsApp ကနေ message notification တွေကို လက်ခံနိုင်ပါတယ်။ Spatial audio နည်းပညာကလည်း သင့်ရဲ့ အသံအရင်းအမြစ်အားလုံးကို ဟန်ချက်ညီညီနဲ့ စီးဆင်းစေမှာ ဖြစ်ပါတယ်။
Aqua Dynamics10
အရေးကြီးတဲ့ သတိပေးချက်တွေကို နောက်တစ်ကြိမ် လက်မလွှတ်ပါစေနဲ့။ သတိပေးချက်တွေကို ဖုန်းရဲ့ထိပ်ဘက်ပိုင်းမှာ သပ်ရပ်ထက်မြက်စွာ စုစည်းဖော်ပြပေးတာကြောင့် သတိပေးချက်တွေကို လှန်လှောရှာဖွေစရာမလိုဘဲ တစ်ချက်ကြည့်လိုက်ရုံနဲ့ အလွယ်တကူ မြင်တွေ့စေမှာ ဖြစ်ပါတယ်။
File Dock
ဖိုင်တွေ၊ ရုပ်ပုံတွေနဲ့ စာသားတွေကို တခြားနေရာထံ တစ်ချက်ဖိပြီး ဆွဲရွှေ့ရုံနဲ့ ပြုလုပ်နိုင်ပါတယ်။ ကြီးမားတဲ့ စားပွဲတစ်လုံးပေါ်မှာ အလုပ်တွေကို တစ်စုတစည်းတည်း ပြုလုပ်နိုင်လိုသလိုမျိုး ဖိုင်နဲ့ အချက်အလက်တွေကို အလွယ်တကူ စီမံခန့်ခွဲနိုင်စေမှာ ဖြစ်ပါတယ်။
မှတ်ချက် :
* ယခုစာမျက်နှာတွင် ဖော်ပြထားတဲ့ AI လုပ်ဆောင်တွေဟာ software version ကို မိတ်ဆက်ချိန်မှာ မပါဝင်နိုင်ပါ။ အချို့သော နိုင်ငံတွေနဲ့ ဒေသတွေမှာတော့ ဒီ AI လုပ်ဆောင်ချက်တွေကို OTA ကနေတဆင့် update လုပ်နိုင်မှာ ဖြစ်ပါတယ်။ လက်တွေ့ဗားရှင်းမှ လုပ်ဆောင်ချက်များကို ကိုးကားပါ။
* အချို့သော OPPO AI လုပ်ဆောင်ချက်တွေကို အသုံးပြုဖို့အတွက် Account login လုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
* OPPO AI လုပ်ဆောင်ချက်များသည် ဒေသဆိုင်ရာ ဥပဒေများနှင့် သုံးစွဲသူ တည်နေရာ၏ cloud-based စွမ်းရည်ကြောင့် ကွဲပြားမည်ဖြစ်သည်။ AI လုပ်ဆောင်ချက်များကို အသုံးပြုရန် အင်တာနက်ချိတ်ဆက်မှု လိုအပ်ပါသည်။
* ဤဝက်ဘ်ဆိုက်ရှိ ထုတ်ကုန်စာမျက်နှာများတွင် ပြသထားသော OPPO AI လုပ်ဆောင်ချက်များသည် (UI နှင့် background အပါအဝင်) လုပ်ဆောင်ချက်များကို သရုပ်ပြရန်သာဖြစ်သည်။ ဤလုပ်ဆောင်ချက်များသည် အမျိုးမျိုးသော ဆော့ဖ်ဝဲလ်ဗားရှင်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မတူညီသော ဆော့ဖ်ဝဲလ်ဗားရှင်းများကို စတင်သည့်အချိန်နှင့် နေရာ (ဒေသ) အရ ကွဲပြားနိုင်သည်။ အမှန်တကယ်ဗားရှင်းရှိ လုပ်ဆောင်ချက်များနှင့် စာမျက်နှာများကို ကိုးကားပါ။
1. အချက်အလက်နှင့် ရှင်းလင်းဖော်ပြချက်များကို OPPO Labs မှ ရယူသည်။ ရှင်းလင်းဖော်ပြချက်ကို Reno11 5G နှင့် နှိုင်းယှဥ်ထားသည်။ အမှန်တကယ်ရလဒ်မှာ အသုံးပြုမှု နည်းလမ်းများနှင့် ပတ်ဝန်းကျင်ကြောင့် ကွဲပြားနိုင်သည်။ တကယ့် အတွေ့အကြုံကို ကိုးကားပါ။
2. OPPO Reno12 5G ၏ အထူနှင့် အလေးချိန်သည် OPPO ဓာတ်ခွဲခန်းများတွင် စုဆောင်းထားသော အချက်အလက်များပေါ် အခြေခံထားသည်။ ထုတ်လုပ်မှုလုပ်ငန်းစဥ်နှင့် တိုင်းတာမှုနည်းလမ်းများအပေါ် မူတည်ပြီး တကယ့်အရွယ်အစားနှင့် အလေးချိန် ကွဲပြားနိုင်သည်။
3. မျက်နှာပြင်သည် 120Hz refresh rate အထိ ပံ့ပိုးပေးသည်။ Refresh rate သည် မတူညီသောအခြေအနေများအောက်တွင် ကွဲပြားနိုင်ပါသည်။ လက်တွေ့အသုံးပြုမှုကို ကိုးကားပါ။
4. ဤစာမျက်နှာတွင် ပါရှိသော အချက်အလက်များသည် နေ့စဉ်အသုံးပြုမှုအတွက် အရည်အသွေး အာမခံချက်မဟုတ်ဘဲ ဓာတ်ခွဲခန်းစမ်းသပ်မှု အချက်အလက်များသာဖြစ်သည်။ တိကျသော စမ်းသပ်မှုပတ်ဝန်းကျင်အပေါ်မူတည်၍ ပကတိအခြေအနေ အနည်းငယ် ကွဲပြားပါသည်။
5. အချက်အလက်သည် MediaTek ၏ တရားဝင်ဝက်ဘ်ဆိုက်မှ ဖြစ်သည်။ အချက်အလက်ကို ယခင်မျိုးဆက် Dimensity ချစ်ပ်များနှင့် နှိုင်းယှဉ်ထားသည်။ ပတ်ဝန်းကျင်နှင့် ကိုယ်ရေးကိုယ်တာအသုံးပြုမှု အလေ့အထများကြောင့် အမှန်တကယ် ရလဒ်များ ကွဲပြားနိုင်သည်။ တကယ့်အတွေ့အကြုံကို ကိုးကားပါ။
6. အချက်အလက်သည် OPPO ဓာတ်ခွဲခန်းများတွင် ပြုလုပ်ခဲ့သည့် စမ်းသပ်မှုများအပေါ် အခြေခံသည်။ အမှန်တကယ် အားသွင်းချိန်သည် ပတ်ဝန်းကျင် သို့မဟုတ် စက်ပစ္စည်းတစ်ခုချင်းစီ၏ အပူချိန် ပြောင်းလဲမှုများနှင့် ဘက်ထရီသက်တမ်းအပေါ် မူတည်ပြီး ကွဲပြားနိုင်သည်။
7. OPPO ဓာတ်ခွဲခန်းစမ်းသပ်မှုအရ သုံးစွဲသူ၏ နေ့စဉ်အမူအကျင့် (တစ်နေ့လျှင်တစ်ကြိမ် အားအပြည့်သွင်းခြင်း) အရ 4 နှစ်ကြာအသုံးပြုပြီးနောက် ဘက်ထရီ၏ ဘက်ထရီ သိုလှောင်မှုနှုန်း 80% ကျော် ရှိမည်ဖြစ်သည်။ အချက်အလက်ကို OPPO Labs မှ ရယူထားပြီး စမ်းသပ်ဆော့ဖ်ဝဲဗားရှင်းနှင့် သီးခြားစမ်းသပ်မှု ပတ်ဝန်းကျင်ကြောင့် အနည်းငယ် ကွဲပြားနိုင်သည်။
8. SUPERVOOCTM စကားလုံး အမှတ်အသားနှင့် အမှတ်တံဆိပ်သည် Guangdong OPPO Mobile Telecommunications Corp., Ltd. မှ ပိုင်ဆိုင်သော ကုန်အမှတ်တံဆိပ်များဖြစ်သည်။ 80W SUPERVOOCTM Flash Charge ဆိုသည်မှာ charger ၏ output power သည် 80W ဖြစ်သည်။ မတူညီသောပတ်ဝန်းကျင်ကြောင့် အမှန်တကယ် ထွက်ရှိနိုင်သော output power ကွဲပြားနိုင်သည်။
9. တူညီသော ဘက်ထရီပမာဏမှာ 5000mAh (ပုံမှန်တန်ဖိုး) ဖြစ်သည်။ ဤနေရာတွင်ဖော်ပြထားသော ပုံသည် ကိုးကားရန်အတွက်သာ ဖြစ်သည်။ ပကတိ ထုတ်ကုန်ကို ကိုးကားပါ။
10. Aqua Dynamics မှ ပံ့ပိုးပေးသော စက်ပစ္စည်းမော်ဒယ်များနှင့် အက်ပလီကေးရှင်းဝန်ဆောင်မှု အမျိုးအစားများအတွက် တကယ့်အတွေ့အကြုံကို ကိုးကားပါ။ ထုတ်ကုန်နှင့် ဝန်ဆောင်မှုအချက်အလက်များ၏ တစ်စိတ်တစ်ပိုင်းကို third party အဖွဲ့အစည်းများမှ ထောက်ပံ့ထားပါသည်။ OPPO သည် ဥပဒေနှင့် စည်းမျဥ်းများအလိုက် သီးသန့်သတ်မှတ်ထားခြင်းမရှိပါက third party များမှ ထောက်ပံ့ထားသော မည်သည့်အချက်အလက်၊ အကြောင်းအရာ၊ ကြော်ငြာနှင့် ပရိုမိုးရှင်းများ၏ စစ်မှန်မှု၊ တိကျမှုနှင့် ပြည့်စုံမှုကို အာမခံမည်မဟုတ်ပါ။ ယင်းအချက်အလက်များတွင် ပြင်ပကုမ္ပဏီဝက်ဘ်ဆိုက်များ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများသို့ ချိတ်ဆက်ထားသော အချက်အလက်များ ပါဝင်နိုင်သည်။
* ထုတ်ကုန်ဓာတ်ပုံများသည် ကိုးကားရန်အတွက်သာ ဖြစ်သည်။ အမှန်တကယ် ထုတ်ကုန်ကို ကိုးကားပါ။ တင်သွင်းသူများ သို့မဟုတ် ထုတ်လုပ်သူများရှိ အပြောင်းအလဲများကဲ့သို့သော အကြောင်းရင်းများကြောင့် အချို့သော ထုတ်ကုန်သတ်မှတ်ချက်များနှင့် ဖော်ပြချက်များသည် ပြောင်းလဲနိုင်ပါသည်။ စာမျက်နှာပေါ်ရှိ အချက်အလက်များကို OPPO မှ ဒီဇိုင်းထုတ်ထားသော နည်းပညာဆိုင်ရာ သတ်မှတ်ချက်များဖြင့် ပံ့ပိုးပေးထားပြီး စမ်းသပ်မှုအချက်အလက်ကို ဓာတ်ခွဲခန်းများနှင့် တင်သွင်းသူများထံမှ ရယူထားပါသည်။ ပကတိအခြေအနေများတွင် စမ်းသပ်ဆော့ဖ်ဝဲဗားရှင်း၊ သီးသန့်စမ်းသပ်မှုပတ်ဝန်းကျင်နှင့် သီးသန့်ဗားရှင်းတို့ပေါ်မူတည်၍ အချက်အလက်အနည်းငယ် ကွာခြားပါမည်။